လေးဘက်နာ
ဒီနေ့ မိတ်ဆွေများအတွက် လေးဘက်နာရောဂါတွေနဲ့ ဆောင်ရန်၊ရှောင်ရန်များကို တင်ပေးလိုက်ပါတယ်ရှင်။
လေးဖက်နာအဆစ်ရောင် (Rheumatoid arthritis) တွေရဲ့ လက္ခဏာတွေကတော့ မြင်သာတဲ့ အဆစ်တွေ ယိုယွင်းပျက်စီးလာတဲ့ လက္ခဏာတွေကနေ သိပ်မမြင်ရဘဲ အခြားသော နာမကျန်းဖြစ်မှုတွေလိုထင်ရတဲ့ လက္ခဏာတွေထိရှိပါတယ်။ ဒါတွေကြောင့် ဒီရောဂါကို အစောပိုင်းအဆင့်တွေမှာ ရောဂါအတည်ပြုဖို့ ခက်ခဲတာပါ။
လေးဖက်နာအဆစ်ရောင် (Rheumatoid Arthritis – RA) ဆိုတာဘာလဲ။
လေးဘက်နာရောဂါဆိုတာ ခန္ဓာကိုယ်မှာရှိတဲ့ အရိုးအဆစ်၊ အရွတ်နဲ့ ကြွက်သားတွေ နာကျင် ရောင်ရမ်းတာဖြစ်ပါတယ်။
RA ဆိုတာကတော့ ခုခံအားတုံ့ပြန်မှု ပုံမှန်မဟုတ်တဲ့ ရောဂါတစ်မျိုးဖြစ်ပြီး အဆစ်တွေကို နာတာရှည်(ကာလတာရှည်) ရောင်ရမ်းစေနိုင်ပါတယ်။ သူကတော့ စစချင်းမှာ ဖြစ်လိုက်ပျောက်သွားလိုက်ဖြစ်နေတဲ့ အပျော့စားလက္ခဏာလေးတွေနဲ့ အစပျိုးတတ်ပြီး ခန္ဓာကိုယ် နှစ်ခြမ်းလုံးမှာ ဖြစ်တတ်ပါတယ်။
ဒီကာလဟာ ရက်သတ္တပတ်အနည်းငယ်မှ လတွေထိ ကြာတတ်ပါတယ်။ ဒီနာတာရှည်ရောဂါရဲ့ လက္ခဏာတွေကတော့ လူတစ်ယောက်ချင်းစီပေါ်လိုက်ပြီး နေ့တိုင်းနေ့တိုင်းတောင် ပြောင်းလဲနိုင်ပါသေးတယ်။ ရောဂါလက္ခဏာပြတဲ့အချိန်တွေကိုတော့ flare-ups လို့ခေါ်ပြီး ငုပ်နေတဲ့အချိန်တွေကိုတော့ remission လို့ခေါ်ပါတယ်။
လေးဘက်နာရောဂါက အသက်အရွယ်မရွေး ကျား/မ မရွေး ဖြစ်တတ်ပါတယ်။
RAရဲ့ အစောပိုင်း လက္ခဏာများ
ပင်ပန်းနွမ်းနယ်ခြင်း
အခြားလက္ခဏာတွေ ထင်ရှားမလာသေးခင်မှာဘဲ ပုံမှန်မဟုတ်တဲ့ မောပန်းမှုတွေကို ခံစားလာရပါတယ်။ မောပန်းမှုတွေဟာ အခြားသော လက္ခဏာတွေ စတင်တဲ့အချိန်ထက် ရက်သတ္တပတ်အနည်းငယ်ခန့် ဒါမှမဟုတ် လအနည်းငယ်ခန့် ကြိုဖြစ်တတ်ပါတယ်။ တစ်ခါတလေမှာတော့ မောပန်းခြင်းဟာ ဖျားနာခြင်းတွေ ဒါမှမဟုတ် စိတ်ဓာတ်ကျခြင်းတွေနဲ့ပါ ယေဘုယျအားဖြင့် ရောပြီးဖြစ်တတ်ပါတယ်။
နံနက်ခင်းမှာ အကြောတွေ တောင့်တင်းနေခြင်း
Morning stiffness ဟာလည်း လေးဖက်နာရဲ့ အစောပိုင်းသင်္ကေတဖြစ်နိုင်ပါတယ်။ ဒီလိုတောင့်တင်းမှုမျိုးဟာ မိနစ်အနည်းငယ်ခန့်ကြာတတ်ပြီး ဒါကလည်း လေးဖက်နာရဲ့ degenerative ပုံစံရဲ့ လက္ခဏာတစ်ရပ်ဖြစ်တတ်ပါတယ်။ နာရီပေါင်းများစွာ ကြာရင်တော့ ဒါဟာ RA ရဲ့ ပုံစံတစ်မျိုးဖြစ်တဲ့ inflammatory arthritis ရဲ့ ယေဘုယျ လက္ခဏာပါ။ အိပ်စက်ပြီးချိန် ဒါမှမဟုတ် ထိုင်တာကြာတဲ့အချိန်တွေမှာ ဒီလို တောင့်တင်းမှုမျိုးကို ခံစားရနိုင်ပါတယ်။
ဘာကြောင့်ဖြစ်ရတာလဲ?
- ဆေးလိပ်သောက်တာ၊ အဝလွန်တာ၊ မျိုးရိုးလိုက်တာ၊ အရိုးအဆစ်တွေအလွန်အကျွံသုံးရတာကြောင့်ဒဏ်ဖြစ်တာ တို့ကြောင့်ဖြစ်တတ်ပါတယ်။
-
အဆစ်တွေတောင့်တင်းခြင်းနဲ့ လှုပ်ရှားနိုင်မှု လျော့ကျခြင်း
မကြာခဏညောင်းညာကိုက်ခဲခြင်း၊ အရွတ်ရောင်ရမ်းခြင်း၊ မနက်ခင်းမှာအရိုးအဆစ်တွေတောင့်တင်းနေခြင်းစတဲ့ အချက်တွေဖြစ်ပါတယ်။
တောင့်တင်းခြင်းဟာ ရောဂါက ရောင်ရမ်းတဲ့အဆင့်ကိုရောက်တဲ့အချိန်တွေမှာ ဖြစ်ပါတယ်။ များသောအားဖြင့် နံနက်ခင်းပိုင်းတွေမှာ ဖြစ်တတ်ပေမယ့် နေ့ဘက်တွေမှာလည်း ဖြစ်လေ့ရှိပါတယ်။ တောင့်တင်းခြင်း ခေါ် အဆစ်တွေအားလုံးရောင်ရမ်းခြင်းက လှုပ်ရှားသွားလာမှုတွေကို ခက်ခဲစေနိုင်ပါတယ်။
အဆစ်နာခြင်း
အဆစ်တွေ တောင့်တင်းခြင်းရဲ့ နောက်မှာ အဆစ်တွေနာကျင်ခြင်းကလည်း ကပ်လိုက်လာပါတယ်။ ဒါကတော့ လှုပ်ရှားနေစဉ် ဒါမှမဟုတ် အနားယူနေစဉ်တွေမှာ ဖြစ်တတ်တာပါ။ ဒါကလည်း ခန္ဓာကိုယ်ရဲ့ အခြမ်းနှစ်ခြမ်းလုံးမှာ ညီမျှစွာဖြစ်တတ်ပါတယ်။ အဖြစ်အများဆုံးနေရာတွေကတော့ လက်ချောင်းတွေနဲ့ လက်ကောက်ဝတ်တွေမှာပါပဲ။ ဒီလို နာကျင်မှုတွေကို ဒူး၊ ခြေထောက်၊ ခြေချင်းဝတ် သို့မဟုတ် ပုခုံးတွေမှာလည်း ခံစားရတတ်ပါတယ်။
အဆစ်ရောင်ရမ်းခြင်း
အဆစ်ရောင်ရမ်းခြင်းကတော့ အဆစ်ရှိတဲ့ အဆစ်အိမ်ရောင်ရမ်းလာတာကြောင့် ဖြစ်ရတာပါ။ ဒီရောင်ရမ်းမှုဟာ မသိသာတဲ့အဆင့်ကနေ သတိထားမိတဲ့အဆင့်ထိ အမျိုးမျိုးရှိပါတယ်။ အဆစ်တွေ ရောင်ရမ်းလာတဲ့အခါ လှုပ်ရှားမှုတွေ သိပ်မလုပ်နိုင်တော့တာမျိုးလည်း ဖြစ်တတ်ပါတယ်။ တကယ်လို့များ ရောင်ရမ်းခြင်းက လက်နဲ့ လက်ချောင်းတွေမှာဖြစ်ခဲ့ရင် လက်စွပ် ဝတ်ဖို့၊ ချွတ်ဖို့ဆိုတာတောင် ခက်ခဲနေပါလိမ့်မယ်။
ထုံကျဉ်ခြင်း
အဆစ်တွေ ရောင်ရမ်းခြင်းဟာ အာရုံကြောတွေပေါ်မှာ ဖိအားတွေဖြစ်စေနိုင်ပါတယ်။ ဒါကပဲ သင့်လက်တွေမှာ ထုံခြင်း၊ ကျဉ်ခြင်း သို့မဟုတ် ပူလောင်နေတဲ့ခံစားမှုမျိုးကို ရရှိစေတာဖြစ်ပြီး ဒါဟာ carpal tunel syndrome လို့ ကိုယ်စားပြုပါတယ။် အရိုးနုတွေ ပျက်စီးမှုက သင်လှုပ်ရှားတဲ့အချိန်တိုင်းမှာ အဆစ်တွေကို ထိခိုက်စေနေတာကြောင့် သင့်လက် သို့မဟုတ် ခြေထောက်တွေရဲ့ အဆစ်တွေဟာ ကလက်ကလက်အသံတွေ ထွက်နေနိုင်ပါတယ်။
ဒီလက္ခဏာတွေဟာ RAအပြင် အမျိုးမျိုးသော ရောဂါတွေကြောင့်လည်း ဖြစ်လာနိုင်ပါတယ်။ ဒါပေမယ့် ဒီလက္ခဏာတွေက RA မှာလည်း တွေ့ရနိုင်တာကြောင့် စောစော သတိထားမိဖို့ အရေးကြီးပါတယ်။ သူ့ရဲ့ ဖြစ်နိုင်တဲ့ လက္ခဏာတွေကို မှန်ကန်တဲ့ ရောဂါအတည်ပြုမှုတွေ ပြုလုပ်ဖို့နဲ့ ကုသမှုကို တတ်နိုင်သမျှစောစောခံယူဖို့က တကယ်ကို လိုအပ်ပါတယ်။
လေးဘက်နာသမားတွေဟာ အစားအစာကို အထူးသတိထားဖို့ လိုအပ်ပါတယ်ရှင်။
❌အနီရောင်အသားများ၊ ဆီကြော်စာ၊ အရက်၊ သကြား၊ ဆား၊ နို့ထွက်ပစ္စည်း နှင့် Omega-6 ပါဝင်တဲ့အစားအစာများကို အလွန်အကျွံမစားသင့်ပါဘူးနော်။
✅ပဲအမျိုးမျိုး၊ ပန်းဂေါ်ဖီစိမ်း၊ ငါး၊ အစေ့အဆံ၊ ဂျင်း၊ ဗီတာမင်စီ နှင့် Omega-3 ပါဝင်တဲ့အစားအစာများကို စားပေးဖို့ လိုအပ်ပါတယ်။
လေးဘက်နာရောဂါသည်များ ရှောင်ရှားသင့်သော အစားအစာများ
(၁) အနီရောင်အသားများ
အနီရောင်အသားများတွင် အဆစ်ရောင်ခြင်းကို ပိုဆိုးစေသော၊ ဝစေသော ပြည့်ဝဆီပါဝင်သောကြောင့် လေးဘက်နာရောဂါကို ပိုဆိုးစေနိုင်သည်။
(၂) သကြားနှင့် ဂျုံ
သကြားနှင့်ဂျုံပါဝင်သော အစားအစာများ ဥပမာ - သရေစာမုန့်များ၊ ပေါင်မုန့်၊ ပါစတာ စသည့် အစားအသောက်များသည် ကိုယ်အလေးချိန်များကို တိုးစေပြီး အရိုးအပေါ် ဖိအားပိုများစေပြီး အရိုးရောင်ခြင်းကို တိုးစေသောကြောင့် မစားသင့်ပါ။
(၃) ဆီကြော်အစားအသောက်များ
ဆီကြော်အစားအသောက်များသည် အဆီများတိုးစေသောကြောင့် အရိုးအပေါ်ဖိအားတိုးစေပြီး လေးဘက်နာကို ပိုဆိုးစေသည်။
(၄) ဂလူတန်ပါဝင်သော အစားအစာများ
ဂလူတန်ပါဝင်သော အစားအစာများ ဥပမာ အာလူး၊ ပြောင်း၊ ဂျုံ၊ ဘာလီ စသည့် ကောက်ပဲသီးနှံများသည် လေးဘက်နာကို ပိုဆိုးစေသည်။
(၅) အရက်
အရက်ကို အလွန်အကျူးသောက်သုံးခြင်းသည် လေးဘက်နာရောဂါကို ပိုဆိုးစေနိုင်သည်။
(၆) အဆင်သင့်ပြုလုပ်ထားသော အစားအစာများ
(ဥပမာ - ခေါက်ဆွဲခြောက်များ)
(၇) လမ်းဘေးအစားအစာများ
ဥပမာ - သရက်သီးသုပ်၊ ရှောက်သီးသုပ်၊ ဝက်သားဒုတ်ထိုး၊ ယင်နားစာများ၊
လေးဘက်နာရောဂါသည်များ စားသင့်သောအစားအစာများ
(၁) Omega 3 ပါဝင်သော အစားအစာများ ဥပမာ - ငါးကထွက်တဲ့အဆီ၊ ငါးမြင်းဗိုက်အသားအဆီ၊ ငါးကြီးဆီ။
(၂) ဗီတာမင်ဒီကြွယ်ဝသော အစားအစာများ၊ ဥပမာ - အဝါရောင်အသီးအနှံ မုန်လာဥဝါ၊
ရွှေဖရုံသီး၊ သရက်သီး၊ သင်္ဘောသီး။
(၃) နံနံပင်
(၄) နနွင်း
(၅) ဂျင်း
(၆) နာနတ်သီး
(၇) လက်ဖက်စိမ်း
(၈) ချဉ်သော ချယ်ရီသီးနှင့်သလဲသီး
(၉) မုန်လာဖြူ
(၁၀) ငရုတ်ကောင်း တို့ဖြစ်ပါတယ်ရှင်။
ဒါ့အပြင် ကုသမှုပုံမှန်ခံယူပြီး ဆေးမှန်မှန်သောက်ရပါမယ်။ အရိုးအဆစ်တွေအလွန်အမင်းသုံးရတဲ့အလုပ်မျိုးတွေ အတတ်နိုင်ဆုံးရှောင်ရှားသင့်ပါတယ်နော်။
0 Comments
Post a Comment