☀️အပူဒဏ်အန္တရာယ် နှင့် သင့်ကျန်းမာရေး☀️
တစ်ရက်ထက် တစ်ရက် ပြင်းသထက်ပြင်းလာနေ
သောအပူချိန်ကြောင့်
ကျွန်မတို့ ခန္ဓာကိုယ်က ပူလာပြီဆိုရင်ဘယ်လိုတုန့်ပြန်တတ်သလဲ အရင်လေ့လာကြည့်ရအောင်ရှင်။
☀️ရာသီဥတုပူလာရင် ခန္ဓာကိုယ်ကဘယ်လို တုန့်ပြန်သလဲ?
အလွယ်ကူဆုံးနဲ့ အမြင်သာဆုံးကိုပြောပါဆိုရင်
- ချွေးထွက်တယ်လို့ပြောရမှာပေါ့နော်။
ဒါပေမယ့် ကျွန်မတို့ မမြင်နိုင်တဲ့ ကိုယ်ခန္ဓာထဲမှာပြောင်းလဲနေတာတွေကိုလည်း သိထားဖို့လိုပါသေးတယ် အရေးကြီးပါတယ်။
- ဟိုက်ပိုသားလမက်စ်လို့ခေါ်တဲ့ ဦးနှောက်ထဲမှာရှိတဲ့ အစိတ်အပိုင်းက အပူချိန်ကို ထိန်းပေးတဲ့နေရာမှာ အလွန်အရေးကြီးပါတယ်။
- အပူချိန်တက်လာခဲ့ရင် ဟိုက်ပိုသားလမက်စ် ကနေ သွေးကြောတွေကို ပိုပြီး ကျယ်ဖို့ ခိုင်းစေပါတယ်။
- ဒီလိုဖြစ်လာခဲ့ရင် ကျွန်မတို့ အရေပြားပေါ်မှာရှိတဲ့ သွေးကြောတွေကျယ်လာပြီး ကိုယ်တွင်းမှာရှိတဲ့အပူကို အပြင်ကို အငွေ့ပြန်စေတဲ့နည်းနဲ့ ထုတ်ပေးလိုက်ပါတယ် (ဒါကြောင့် ပူရင် ချွေးထွက်လာတာပေါ့)
နောက်ထပ်အရေးကြီးတာတွေရှိပါသေးတယ်။
ပြင်ပအပူချိန်အရမ်းများလာခဲ့ရင်
- သွေးပေါင်တက်ခြင်း။
- နှလုံးခုန်နှုန်းမြန်ခြင်း။
- အသက်ရှူမြန်လာခြင်း။
- စိတ်ရှုပ်လာခြင်း။
- စိတ်ဂနာမငြိမ်ဖြစ်လာခြင်း။
- သတိလစ်မေ့မျောခြင်း။
ဟိုက်ပိုသားလမက်စ်( Hypothalamus) လို့ခေါ်တဲ့ ဦးနှောက်ထဲက အစိတ်အပိုင်းက အပူဒဏ်ကို ချွေးထွက်စေတဲ့နည်းနဲ့ ကျန်းမာရေးမထိခိုက်အောင် လုပ်ဆောင်ပေးနေခြင်းမှာ အတိုင်းအတာ တစ်ခုအထိပဲဖြစ်ပြီး အပူချိန် အရမ်းများလာခဲ့လျှင် ဟိုက်ပိုသားလမက်စ်သည် မလုပ်ဆောင်နိုင်တော့ပါ။
ထိုကဲ့သို့အခြေအနေတွင်အောက်ပါအချက်များကို
သိရန်လိုအပ်ပါသည်။
အဆင့်(၁)
Heat cramps အန္တရာယ် နည်းပါသည်။
ကိုယ်အပူချိန် တက်သွားသည်နှင့်
ချွေးထွက်ပြီး ခြေလက် မသယ်ချင်သည့်အဆင့်မျှသာ။
အဆင့်(၂)
Heat exhaustion
က နည်းနည်းလေး ပိုပြီး အန္တရာယ်ရှိလာတတ်ပါသည်။
ချွေးထွက်ခြင်း၊ ခြေလက်မသယ်ချင်ခြင်း၊ နှလုံးခုန်မြန်ခြင်း၊ရင်တွေတလှပ်လှပ်တုန်ခြင်း၊
အသက်ရှူမြန်ခြင်း အထိဖြစ်လာနိုင်၍
သေချာစွာ ဂရုစိုက်ရန်လိုအပ်ပါသည်။
ဂရုမစိုက်မိခဲ့လျှင် နောက်ဆုံးအဆင့်ဖြစ်သည့်
အပူရှပ်သည့်အဆင့်သို့ရောက်သွားပါမည်။
အဆင့်(၃)
Heat stroke
အပူလေသင်တုန်းဖြတ်ခြင်း (အပူရှပ်ခြင်း)
အသက်အန္တရာယ်ရှိပါသည်။
ဒီအဆင့်မှာတော့ ချွေးလုံးဝထွက်မှာ မဟုတ်တော့ပါဘူး ဒါဟာမကောင်းတဲ့လက္ခဏာပါ အပူချိန်တိုင်းကြည့်ရင်လည်း ၄၀ ဒီဂရီ စင်တီဂရိတ်ထိ မြှင့်တက်နေမှာပါ ။
ယခုအဆင့်တွင် အထက်တွင်ရှင်းပြခဲ့သည့်အတိုင်း
အပူချိန်ထိန်းညှိပေးတဲ့ ဟိုက်ပိုသားလမက်စ် ပျက်စီးသွားခြင်းကြောင့်ဖြစ်၏။
ပြင်ပကို အပူမထွက်သည့်အတွက် ခန္ဓာကိုယ်ထဲတွင် အလွန်အပူရှိန်တက်လာပြီး အရေးကြီးအစိတ်အပိုင်းများဖြစ်သည့် ဦးနှောက် နှလုံး အသည်း ကျောက်ကပ် အဆုတ်စသည့်
ကိုယ်တွင်းအင်္ဂါများပျက်စီးတက်ပါသည်။
☀️ကုသနည်းလမ်းများ
အဆင့်(၁) - အိမ်တွင်ကုသနိုင်ပါသည်။
ရေများများသောက်၍ အေးသောနေရာတွင်အနားယူရပါသည်။
အဆင့်(၂) နဲ့ (၃) ကတော့ ဆေးရုံတက်ပြီးကုသရပါသည်။
☀️အပူဒဏ်ကြောင့် ကျန်းမာရေးပိုထိခိုက်နိုင်သောသူများ
ဒီအချက်တွေဟာအင်မတန်မှအရေးကြီး၍မှတ်ထားစေချင်ပါသည်။
- နေပူထဲမှာ အချိန်ကြာကြာအလုပ်လုပ်ရသောသူများ(လေ့လာချက်အရ ၄ နာရီထက်ကျော်ရင်လို့ပြောပါတယ်)
- လေဝင် လေထွက်နည်းသောနေရာများတွင် အလုပ်လုပ်ရသောသူများ
- သက်ကြီးရွယ်အိုများ(၆၅နှစ်အထက်)
- ကလေးသူငယ်များ(၁၅ နှစ်အောက်)
- ရေသောက်နည်းတဲ့သူများ
- အရက်အလွန်အကျွံသောက်သောသူများ
- အဝလွန်သောသူများ
- နှလုံးရောဂါရှိသောသူများ
- အဆုတ်ရောဂါရှိသောသူများ
- စိတ်ရောဂါရှိသောသူများ
- မူးယစ်ဆေးသုံးစွဲသောသူများ
- ဆီးချိုရောဂါရှိသောသူများ
- စိတ်ကျရောဂါကုသဆေးသောက်နေသောသူများ
- ဆီးဆေး သွေးပေါင်ထိန်းဆေး/ကျဆေး သောက်နေသောသူများ
☀️အပူဒဏ် ကာကွယ်ခြင်း နည်းလမ်းများ
- နေ့ခင်း အပူဆုံးချိန်တွေဖြစ်တဲ့ ၁၂ နာရီ ကနေ ၂ နာရီ ကြား ဖြစ်နိုင်ရင် အပြင်မထွက်ပါနဲ့
- လိုအပ်လို့ နေပူထဲ ထွက်ရမယ်ဆိုလျှင်
အရိပ်ရပြီး လေဝင်လေထွက်ကောင်းတဲ့နေရာကိုရွေးပြီးနေပါ။
- အင်္ကျီ ဘောင်းဘီ ပွပွ နှင့် ပေါ့ပေါ့ပါးပါး ဝတ်ပါ။
- အမည်းရောင်အဝတ်အစားကိုတတ်နိုင်သလောက်ရှောင်ပါ။
- ထွက်ဖို့လိုအပ်ခဲ့ရင်လည်း လိုအပ်တဲ့ ထီး ဦးထုပ် အကာအကွယ် အပြည့်အဝ ယူသွားပါ။
- လူများပြီး လေဝင် လေထွက်နည်းသည့်နေရာကိုတတ်နိုင်သမျှရှောင်ပါ။
- ရေကိုလုံလောက်စွာသောက်ပါ။
အနည်းဆုံးတစ်နေ့ကို ၃ လီတာ သောက်ပါ။
ထိုပမာဏထက်လည်းပိုသောက်နိုင်သည်။
(သို့သော်လည်း တချို့သောရောဂါသည်တွေဖြစ်တဲ့ နှလုံးရောဂါသည်၊ ကျောက်ကပ်ရောဂါသည်၊ အသည်းခြောက်ရေဖျင်းစွဲ သူတွေတွက်တော့မပါပါ)
- ဓာတ်ဆားရည်ကိုလည်း သောက်နိုင်ပါသည်။
- ဖြစ်နိုင်လျှင် ကြွက်သားအားကိုးပြီး ပြင်းပြင်းထန်ထန်လုပ်ရမည့်အလုပ်များကိုရှောင်ရပါမည်။
-
#မှော်ဝင်ရတနာ
0 Comments
Post a Comment