စက်က​​လေး မိတ်ဆွေများ ဝမ်းဗိုက်အောက်ပိုင်းမှာ ဘယ်ဘက်မှာ သိပ်နာလာတာ၊ အောင့်လာတာတွေ ရှိမယ်ဆိုရင် ဒါလေးတွေကြောင့် ဖြစ်နိုင်တာကို သတိရပေးနော်။ ● ကိုယ်ခါးထောက်လိုက်တဲ့အခါ တင်ထားတဲ့နေရာက အောက်မှာ ကျောက်ကပ် ရှိပါတယ်။ ဘယ်ဘက်ကျောက်ကပ်ထဲမှာ ကျောက်တည်တဲ့အခါ အဲဒီနေရာမှာ နာလာတတ်ပါတယ်။ နာတာက သိပ်မကြာဘဲ နာလိုက်၊ သက်သာလိုက် ဖြစ်နေတတ်တာမျိုးပါ။ သိပ်နာလွန်းရင် ပျို့အန်တာတွေထိ ဖြစ်စေပါတယ်။ ● ကျောက်ကပ် ပိုးဝင်တာက ဘယ်ဘက်အောက်ပိုင်း လေးလေးကြီး ခဲဆွဲထားသလို နာနေတတ်ပါတယ်။ ချမ်းတုန် ဖျားမယ်၊ ပျို့မယ်၊ အန်မယ်၊ မကြာခဏ ဆီးသွားတာတွေဖြစ်စေပြီး လှုပ်ရှားလိုက်တာနဲ့ လမ်းလျှောက်လိုက်တာနဲ့ ပိုနာလာတတ်ပါတယ်။ ● သားဥအိမ်မှာ အကျိတ်တည်တာနဲ့ သားအိမ်မှာ အလုံးတွေ မူမမှန်တစ်သျှူးတွေ ရှိတာက စူးစူးဝါးဝါးကြီး နာနေတတ်ပါတယ်။ ရာသီလာတိုင်း ဘယ်ဘက်ဝမ်းဗိုက်အောက်ပိုင်းမှာ ဆူးနဲ့ ထိုးသလို အရမ်းနာပါတယ်။ ဒီထက်ပိုကြီး နာလာတယ်၊ ရာသီလာနေစဉ်ကြားတွေမှာပါ နာမယ်၊ မခံမရပ်နိုင်အောင် နာမယ်ဆိုရင်တော့ သားဖွားမီးယပ်ဆရာဝန်နဲ့ ပြသပြီး လိုအပ်သလို ကုသမှု ယူနိုင်ပါတယ်။ ● ကိုယ်ခံအားလွန်ရောဂါတစ်မျိုးဖြစ်တဲ့ အူရောင်နာမှာ အူမကြီးနေရာတွေမှာ တောက်လျှောက် ရောင်နေတတ်တာ ဖြစ်ပါတယ်။ မကြာခဏ နာတတ်သလို ဝမ်းလျှောနေမယ်၊ စအိုဝက နာမယ် ကိုယ်အလေးချိန် ကျမယ်၊ ဗိုက်ထဲမှာ ဟိုနားနာလိုက်၊ ဒီနားနာလိုက်နဲ့ တိတိကျကျ ပြောလို့မရပါဘူး။ ဝမ်းဗိုက်ဘယ်ဘက်သာမက ညာဘက်မှာပါ နှစ်ဖက်လုံး နာတတ်ပါတယ်။ မှန်ပြောင်းနဲ့ ရောဂါရှာဖို့ လိုတတ်ပါတယ်။ ● ကိ်ုယ်ဝန်သည်လေးတွေမှာလည်း ဝမ်းဗိုက်ဘယ်ဘက်အောက်ပိုင်း နာလာတတ်ပါတယ်။ နာတာက လေးလေးကြီး ဖြစ်တဲ့အပြင် တစ်ချက်တစ်ချက်မှာ စူးနာနေတတ်ပါတယ်။ ကြီးထွားလာတဲ့ ကိုယ်ဝန်ကြောင့်ဖြစ်တာဖြစ်ပြီး ကိုယ်ဟန်အနေအထားကို နည်းနည်းအကျင့်ရသွားတာနဲ့အမျှ တဖြည်းဖြည်း သက်သာလာမှာပါ။ ● ပန်ကရိယရောင်တာက အရက်သောက်သူတွေ၊ အဆီအအိမ့်အစပ် စားလွန်းသူတွေမှာ အဖြစ်များပြီး ဗိုက်အပေါ်ပိုင်း နာတာကနေ နောက်ကျောနဲ့ ဗိုက်အောက်ပိုင်းတွေ ပူပူကြီး နာနေတတ်တာပါ။ အနာက တစ်ခုခု စားလိုက်တာနဲ့ ပိုဆိုးလာပါတယ်။ မခံမရပ်နိုင်အောင် နာခြင်းမျိုး ဖြစ်ပါတယ်။ အဆီ သိပ်များတဲ့အစာတွေ အများကြီးစားပြီးတဲ့အခါ ဖြစ်စေပါတယ်။ #မှော်ဝင်ရတနာ