ကျေးဇူးတင်လွှာ “ပဋ္ဌာန်းဒေသနာတော်” ဟူသော စာတမ်းကို ရေးသားပူဇော်ခွင့် ရရှိရန်နှင့် အဘိဓမ္မတက္ကသိုလ်ကြီးကို တည်ထောင်ဖွင့်လှစ်ပေးခဲ့ ကို လေ့လာသင်ယူနိုင်ရန် ကျေးဇူးဘော်ရှင် သိကဂူ ဒေါက်တာ ဇောတိက ဆရာတော်ဘုရားကြီး ဒေါက်တာ အရှင်ဉာဏိဿရ၊ ပါော့ချုပ် ဆရာတော်ဘုရားကြီး ဒေါက်တာအရှင် နန္ဒမာလာဘိဝံသ၊ နာယက ဆရာအော် (ပါမောက္ခချုပ်၊ ကမ္ဘာ့ငြိမ်းချမ်းတက္ကသိုလ်) တို့အား အတူးကျေးဇူးတင်စွာဖြင့် ရိုသေစွာ ဦးခိုက်ပူဇော် ကန်တော့အပ်ပါသည်။ အဘိဓမ္မတက္ကသိုလ်ကို ဦးဆောင်ဖွင့်လှစ်ပေးခဲ့သော ဆရာကြီး ဒေါက်တာ မြသန်း(ကွယ်လွန်)၊ အဝေး၌ ပါဠိဌာနမှူး ဆရာမကြီး ဒေါ်အုန်းမြင့်(ကွယ်လွန်) တို့အားလည်းကောင်း၊ စာာင်းတစ်စောင်ရေးသားရာတွင် လိုအပ်ချက်များ၊ တင်ပြပုံတင်ပြနည်းများကို သင်ကြားပြသပေးပါသော ဒုတိယ ပါမောက္ခချုပ်၊ ဆရာကြီး ဦးစန်းဝင်းအား လည်းကောင်း၊ အဘိဓမ္မတက္ကသိုလ်မှ ဆရာ၊ ဆရာမများ အားလုံးနှင့် အဘိဓမ္မာတရားတော်များကို … သင်ကြားပေးခဲ့သော ဆရာ၊ ဆရာမများကိုလည်းကောင်း အထူးကျေးဇူးတင်စွာဖြင့် ရိုသေစွာ ကန်တော့အပ်ပါသည်။ မြတ်စွာဘုရားရှင် ဟောကြားတော်မူခဲ့သော တရား စာတမ်းရေးသားရာတွင် နိဗ္ဗာန်ခရီးသို့ရောက်ရှိနိုင်မည့် အားကိုအားထားပြု ရသော ပဋ္ဌာန်းဒေသနာတော်နှင့် ပတ်သက်၍ အကြောင်းအရာ အချက်အလက်များ စုံလင်စွာ ရေးသားတင်ပြနိုင်ရန်အတွက် ဖတ်ရှုလေ့လာသင့်၊ ကိုးကသင့်သော စာအုပ်စာတမ်းများ၊ စာတမ်းတွင် အစီအစဉ်ကျနစွာ တင်ပြပူဇော်နိုင်ရန်၊ ဓာ၏ အင်္ဂါရပ်များနှင့် ပြည့်စုံစေရန် အတွက်စေတနာ၊ မေတ္တာများစွာဖြင့် … သင်ကြားပြသလမ်းညွှန်ပေးပါသော စာတမ်း ကြီးကြပ်သူ အဖြစ် ဆောင်ရွက်ပေးသည့် ဆရာမ ဒေါ်ဌေးဌေးလှိုင်နှင့် မြတ်စွာဘုရားရှင် ဟောကြားသော တရားတော်များကို ခေါ်တ်အဆက်ဆက် လက်ဆင့်ကမ်း သယ်ဆောင်ပေး လာပါသော ဆရာတော် သံဃာတော် အရှင်သူမြတ်များ၊ ရမ္မ စာပေများအား ရေးသားပြုစု၊ ဟောကြား၊ သင်ကြားမျှဝေပေးပါသော လူပုဂ္ဂိုလ်များနှင့် စာတမ်းအတွက် အဖက်ဖက်မှ ကူညီဆောင်ရွက်ပေးသူအားလုံးကို အထူးကျေးဇူး ရဲပါ ကြား မှတ်တမ်းတင်အပ် ပါသည်။