ခေါင်းမူးရောဂါ နှင့် လူနာများ
လူတော်တော်များများသည် ခေါင်းမူး ခေါင်းကိုက် ဇက်ကြောတက်လျှင် သွေးပေါင်ကျသည်ဟုသာထင်ကြသည်။ တကယ်တမ်းသွေးပေါင်ချိန်ကြည့်သောအခါ တက်နေလျှင်ပင် ကျွန်မက သွေးပေါင်ပဲကျတတ်တာ မတိုးပါဘူးတဲ့။
မှန်ပါတယ် ဒါပေမယ့် အသက်အရွယ်ကြောင့်သော်လည်းကောင်း အစားအသောက်အနေအထိုင်ကြောင့်သော်လည်းကောင်း ယခင်က သွေးပေါင်ကျတတ်သည်ဆိုသော်လည်း သွေးတိုးရောဂါ သည်လူတိုင်းတွင်ဖြစ်ပေါ်လာနိုင်ပါသည်။
မိဘ ညီအစ်ကိုမောင်နှမတွင် သွေးတိုးရောဂါရှိပါက မိမိတွင်လည်း သွေးတိုးရောဂါဖြစ်နိုင်ချေပိုးများပါသည်။
သို့သော် အရိုးစွဲနေသော ခေါင်းမူးလျှင် အကြောဆေးထိုးလိုက်လျှင် သက်သာသည်ဟုထင်မြင်မှုအား ဘယ်လိုမှရှင်းပြ၍မရ။ တချို့ဆို ဆရာမ ပုလင်းကြီး တလုံးလောက်ချိတ်ပေးပါဆရာမတဲ့။ အမှန်တကယ် Drip ပုလင်းထဲတွင် ဓာတ်ဆားနှင့် သကြားဓာတ်သာပါဝင်သည်။ မလိုအပ်ပဲ သွင်းမိပါက သက်ကြီးရွယ်အိုများ နှလုံး ကျောက်ကပ်နှင့် အသည်းရောဂါရှိသူများတွင် ဘေးထွက်ဆိုးကျိုးများဖြစ်ပေါ်စေပြီး အသက်အန္တရာယ်ပင် ဖြစ်နိုင်သေးသည်။
တချို့ဆို သွေးတိုးတာပါဆိုတာကိုပင် ပုလင်းကြီးချိတ်ခိုင်းနေကြသေးသည်။
နားမလည်တော့ရှင်းပြရတာပေါ့။ ဒါပေမယ့် အဲ့ဒါကိုမကြိုက်ကြတာ အကြောဆေးမသွင်းမချင်း ပုလင်းမချိတ်ပေးမချင်း မကျေနပ်။ စိတ်ထဲမှာတော့ တော်ပြီ နောက်မလာတော့ဘူး ဒီဆရာဝန်ဆီကိုပေါ့။ နယ်ကဆရာဝန်တွေရဲ့ဒုက္ခပါ။
ရွာဘက်တွေက ရမ်းကုတွေက ဘာဖြစ်ဖြစ်ပုလင်းချိတ်ကြသည်။ လူနာတွေကလည်း အောက်ကနေ တပေါက်ပေါက်ကျနေတာလေးကိုကြည့်ပြီးကျေနပ်နေကြတာများသည်။ တချို့ နယ်ကဆရာဝန်တွေလည်း အတူတူပဲ အဲ့လိုလုပ်ကြပါတယ်။
တကယ်တမ်းခေါင်းမူးခေါင်းကိုက်ဖြစ်လို့လာပြပြီဆိုလျှင် Why? ဘာလို့ကိုက်တာလဲ အရင်ဆုံး သွေးပေါင်မှန်ရဲ့လား သွေးပေါင်ချိန်မှန်တယ်ဆိုလျှင် တခြားအာရုံကြောရောဂါများလား သို့မဟုတ် ခေါင်းတခြမ်းကိုက်ရောဂါ migraine လား
tension headacheလား vertigoလား သို့မဟုတ် ဦးနှောက်ရောင် အမြှေးရောင်ရောဂါတွေလား ဦးနှောက်ထဲမှာ အလုံး/သွေးခဲရှိတာလား နောက်ဆုံးတခုက လည်ပင်းရိုးမှာ ကျည်းပေါင်းတက်နေတာလား နား နှာခေါင်း ရောဂါများ ကြောင့်လား....စသည်ဖြင့် တွေးတောစရာ စမ်းသပ်စရာအများကြီးပါ။
လာသမျှ အကြောဆေးထိုး ပုလင်းချိတ်ရုံဖြင့် မပျောက်နိုင်။ (သွေးထဲမှာသကြားဓာတ် အလွန်အမင်းကျဆင်းတာကလွဲလို့ပေါ့။)
ဒါကြောင့်ခေါင်းမူးခေါင်းကိုက်ဆိုသော်လည်း သေချာစမ်းသပ်ကုသသော တတ်ကျွမ်းသောဆရာဝန်များနှင့်သာပြသကုသမှု ခံယူသင့်ပါကြောင်းစက်ကလေးက တင်ပြပေးလိုက်ပါတယ်ရှင်....
#မှော်ဝင်ရတနာ
0 Comments
Post a Comment