ဒီနေ့စက်ကလေးမိတ်ဆွေများအတွက် သိသင့်သိထိုက်တဲ့ ရေရှည်စွဲမသောက်သင့်တဲ့ အားဆေးEnervon C အကြောင်းကို တင်ပြပေးပါမည်ရှင်။ ဒီဆေးသောက်ပြီးရင် လူကိုကြည်လင်လန်းဆန်း၊အားအင်ပြည့်ဖြိုးစေပါတယ်။ အလုပ်ပိုလုပ်နိုင်ကြတယ်။ စွဲသောက်သူတချို့က ဒီဆေးသောက်မှလန်းတယ်ထင်ကြတယ်။တချို့က ဆေးမသောက်ရင် နေလို့မကောင်းတာမျိုးထိရှိတယ်။ ဒီအချက်တွေဟာ သုံးစွဲသူတွေအဖို့ မှန်ကောင်းမှန်ပါလိမ့်မယ်နော်။ ဒါပေမယ့် ပြဿနာတခုက ရေရှည်မသောက်သင့်တဲ့ဆေးကို စွဲသောက်နေကြတာပဲ။ Enervon-Cထဲမှာ vitamin C 500mg ပါဝင်တာကြောင့် ရေရှည်စွဲသောက်ရင် ဆီးကျောက်တည်တာမျိုးတွေ ဖြစ်တတ်တယ်။ တရက် တစ်လုံးကို ၃နှစ်မှ ၅နှစ်ထိစွဲသောက်သူတွေမှာ ဒီလိုပြဿနာတွေ တွေ့ရတယ်။ Enervon-Cဟာ Caplet ပုံစံနဲ့လာတယ်။လိမ္မော်ရောင် အလုံးတောင့်လေးတွေဖြစ်တယ်။အလုံး ၃၀ပါဗူးနဲ့၁၀၀ပါဗူးဆိုပြီး နှစ်မျိုးလာတယ်။ဒီလိုပုံစံအားဆေးတွေဟာ လေဝင်ရင် အမဲပြောက်လေးတွေ ထင်ကျန်တတ်တယ်ရှင်။ Enervon-Cဟာ packingပုံစံကောင်းတယ်လို့ ဆိုနိုင်တယ်။ အတွေ့အကြုံအရ တခြားဆင်တူဆေးတွေမှာ လေဝင်တဲ့အခါ အမဲပြောက်လေးတွေ တွေ့ရတတ်ပေမယ့် EC မှာတော့ သိပ်မတွေ့ရဘူး။အကယ်၍ ဒါမျိုးဖြစ်လာရင် ဆက်သောက်ဖို့ မကြိုးစားပါနဲ့။ Enervon-Cထဲမှာ အဓိကပါဝင်တဲ့ vitamin C 500mgဟာ စိတ်အာရုံကြည်လင် လန်းဆန်းစေပြီး ခုခံအားတက်စေတယ်။ စိတ်ဖိစီးမှု ကင်းဝေးစေတယ်။ ကျန်တဲ့ vitamin Bအုပ်စုတွေက အားအင်ပြည့်ဖြိုးစေတယ်။သက်လုံကောင်းစေတယ်။နေ့စဉ်လိုအပ်တဲ့ပမာဏ RDAထက် ပိုမိုထည့်သွင်းထားတယ်။ရောဂါကုသဖို့သုံးစွဲတဲ့ ပမာဏမျိုးဖြစ်ပါတယ်။ anti-stress formula အရ စိတ်ဖိစီးမှုအတွက် သီးသန့်ထုတ်လုပ်ထားတာဖြစ်ပါတယ်ရှင်။ Vitamin Cဆိုတာ...... -သက်ရှိဆဲလ်တွေပုံမှန် ကြီးထွားဖွံ့ဖြိုးဖို့ ဗီတာမင်စီဓာတ် လိုအပ်တယ်။ -ဆဲလ်တွေ ပြုပြင်ပြောင်းလဲပေးရာမှာ အဓိကကျတယ်။ -သို့သော် လူ့ခန္ဓာကိုယ်က ဗီတာမင်စီကို မထုတ်လုပ်နိုင်လို့ အစားအသောက်၊ဆေးဝါးတွေနဲ့ ဖြည့်တင်းပေးရတယ်။ -ဟင်းသီးဟင်းရွက်၊သစ်သီးဝလံတော်တော်များများမှာ ဗီတာမင်စီပါဝင်ကြတယ်။အထူးသဖြင့် အချဉ်ဓာတ်များတဲ့အစာတွေထဲမှာ ပိုပြီးပါဝင်တယ်။ -အစားအသောက်က လုံလောက်အောင်မရရင် သောက်ဆေးပေးပြီး ပြန်ဖြည့်ရတယ်။ -သိပ်များသွားရင်လည်း လူကိုဒုက္ခပေးမယ်။ -water-soluble vitaminအရည်ထဲမှာ ပျော်ဝင်နိုင်တဲ့ ဗီတာမင်တမျိုးဖြစ်တယ်။ -ရေထဲမှာ ပျော်ဝင်တာကြောင့် တော်ရုံ များတာလောက်ကို ဆီးထဲက စွန့်ထုတ်ပစ်နိုင်တယ်။ - ကြာရှည်သောက်သုံးရင် ကျောက်ကပ်က လုံလောက်အောင် စွန့်ထုတ်မပေးနိုင်ဘဲ အနည်ထိုင်ပြီး ဆီးကျောက်တည်တာမျိုးဖြစ်လာတယ်။ -တွေ့ရှိချက်တွေအရ သောက်သင့်တဲ့ပမာဏထက် ပိုမိုသောက်သုံးမှသာ ဘေးထွက်ဆိုးကျိုးတွေ ခံစားရတယ်။ Vitamin Cရဲ့ကောင်းကျိုးတွေလဲ အများကြီးပါ။ -စိတ်ဖိစီးမှု လျှော့နည်းစေတယ်။ -သံဓာတ်စုပ်ယူမှု အားကောင်းစေတယ်။ -ကိုလက်စတောကျစေတယ်။ -လေဖြတ်နိုင်ချေ ကျဆင်းစေတယ်။ -နှလုံး၊သွေးတိုး စတဲ့ရောဂါတွေ ကာကွယ်ပေးတယ်။ -သွားဖုံးရောင်တာ၊သွေးထွက်တာတွေ အသုံးဝင်တယ်။ -အနာကျက်မြန်စေတယ်။အရောင်ကျစေတယ်။ -ခုခံအားတက်စေတယ်။ -အအေးမိ၊တုပ်ကွေး ကာကွယ်ကုသဖို့ အသုံးပြုတတ်ကြတယ်။ -antioxidant ဓာတ်တိုးဆန့်ကျင်တဲ့ ဂုဏ်သတ္တိရှိတယ်လို့ လူသိများတယ်။ -ရေတိမ်စတဲ့ မျက်စိရောဂါတွေအတွက် အသုံးကျတယ်။ -ခဲဆိပ်သင့်သူတွေမှာ အကျိုးများမယ်။ -collagen များစေလို့ အသားရည်တွန့်သူတွေ သုံးစွဲသင့်တယ်။ -အရက်၊ဆေးလိပ်သောက်သူတွေမှာ ပိုလိုအပ်တယ်။ တနေ့ကို ပုံမှန် ဗီတာမင် စီ ဘယ်လောက်လိုလဲဆိုရင် အသက်အရွယ်၊ကျား မ၊ကိုယ်ဝန်ဆောင်၊နို့တိုက်မိခင်စတာတွေပေါ်မူတည်ပြီး မတူညီကြဘူး။ -ပုံမှန်အားဖြင့် ယောကျာင်္းလေးတွေဟာ 90mgလိုအပ်ပြီး မိန်းကလေးတွေဟာ 75mg လိုအပ်တယ်။ -နို့တိုက်မိခင်တွေမှာ ပိုလိုအပ်တယ်။တနေ့ကို 120mg လိုအပ်တယ်။ -ဆေးလိပ်သောက်တတ်သူတွေ အနည်းဆုံး vitamin C 100mgလိုအပ်တယ်။ -ကိုယ်ဝန်ဆောင်မှာ 75mg လိုအပ်တယ်။ -လူပျိုပေါက်(၁၂-၁၈နှစ်)တွေဟာ 70mg လိုအပ်တယ်။ -ကလေးတွေဟာ 30mgလောက် ပုံမှန်လိုအပ်တယ်။ ပုံမှန်လူတယောက်ဟာနေ့စဉ် vitamin C 75-90mg လိုအပ်တယ်လို့ သတ်မှတ်ထားတယ်။Maximum doseအများဆုံးသောက်သုံးနိုင်တဲ့ ပမာဏကို 2000mg လို့သတ်မှတ်ထားတယ်။ဒါကလည်း ရောဂါကုသဖို့သတ်မှတ်ထားတဲ့ ပမာဏသာဖြစ်ပါတယ်။တချို့ကလည်း နေ့စဉ် vitamin C 500mgထိ လိုအပ်တယ်လို့ အငြင်းပွားကြတယ်။လေ့လာမှုတွေလုပ်ကြည့်တဲ့အခါ Normal dose သောက်သုံးသူတွေမှာ side effectမရှိပဲ higher dose ပမာဏများများကို ကြာရှည်စွဲသောက်သူတွေမှာ ဒုက္ခပေးတတ်တယ်။ ဘေးထွက်ဆိုးကျိုးတွေကတော့ Nauseaပျို့တာ၊ Diarrheaဝမ်းလျှောတာ Gastritisအစာအိမ်ရောင်တာ Fatigueအားအင်ကုန်ခန်းတာ Heart burnရင်ပူတာ Intestinal Crampsဗိုက်နာတာ Flushingအသားရည် ရဲတာ Insomniaအိပ်မပျော်တာ ပိုပြင်းထန်တဲ့ဘေးထွက်ဆိုးကျိုးကတော့ Kidney stonesကျောက်ကပ်မှာ ကျောက်တည်တာ၊ Teeth erosionသွားပျက်ဆီးတာ၊ Blood clot in leg ခြေထောက်သွေးကြောပိတ်တာ၊ သတိထားသုံးစွဲသင့်တဲ့ရောဂါတွေကတော့ -goutဂေါက်ရောဂါ -sickle-cell anaemia သွေးအားနည်းရောဂါ -cirrhosisအသည်းခြောက်ရောဂါ Vitamin C ကို အသုံးချခြင်းကတော့ အရင်ခေတ်က scurvyခေါ်တဲ့ ဗီတာမင်စီချို့တဲ့ရောဂါ ကာကွယ်ဖို့၊ကုသဖို့ အသုံးချခဲ့တယ်။သဘောင်္သားတွေ၊ရေကြောင်းလုပ်သား၊ပင်လယ်ဓားပြတွေမှာ အတွေ့များတယ်။အခုခေတ်မှာတော့ ရှားပါးသွားပါပြီ။ အအေးမိတုပ်ကွေး ကာကွယ်ဖို့၊ကုသဖို့ အသုံးပြုလာကြတယ်။လိုတာထက် ပိုတာကပိုခေတ်စားလာတယ်ရှင်။ ကြော်ငြာတွေကောင်းတာလဲ ပါလိမ့်မယ်။အသားအရည်၊ဆံပင် ကောင်းခြင်းငါးဖြာနဲ့ပြည့်စုံတယ်ဆိုတာမျိုးတွေ antioxidant ဓာတ်တိုးဆန့်ကျင်သတ္တိကြောင့် ကင်ဆာမဖြစ်စေဘူးဆိုတာမျိုးထိပါတယ်။ လက်ရှိချိန်ထိတော့ သက်သေမပြနိုင်သေးဘူး။ခေတ်ကိုက အင်တီအောက်ဆီးဒင့် ဆိုတာတွေကို အလေးထားပြောလာကြတဲ့ခေတ်မဟုတ်လားနော်။ အားဆေးတွေထဲမှာ ကျန်တာတွေမပါရင်နေမယ်။ဗီတာမင် ဘီနဲ့ စီကတော့ ပင်တိုင်ပါဝင်တယ်။ နေ့စဉ်စွဲသောက်သင့်တယ်၊မသင့်ဘူးဆိုတာ ပါဝင်တဲ့ mgပေါ်မူတည်တယ်။ဆေးတခုသောက်မယ်ဆိုရင် ပါဝင်တဲ့ပမာဏကလည်း အရေးကြီးတာ သတိပြုပါ။မသိရင်၊မသေချာရင် ဆရာဝန်နဲ့ သေချာမေးပြီးမှ သောက်သင့်တယ်။ စက်ကလေးအကြံပေးချင်တာကတော့ -ပင်ပန်းတယ်၊မလန်းဘူးထင်ရင်သောက်ပါ။ -အမြဲစွဲသောက်ဖို့ မကြိုးစားပါနဲ့။ -အစာစားပြီးမှ သောက်သင့်တယ်။ -ရေများများနဲ့သောက်ပါ။ -ညဖက်ပိုင်းသောက်ရင် အိပ်မပျော်တာ တွေ့ရတတ်တယ်။ -တနေ့အလွန်ဆုံး သုံး၊လေးလုံးထက် မပိုသင့်ဘူး။ -နေ့စဉ်ရက်ဆက် သောက်တာမကောင်းဘူး။ -တပတ် ၂ကြိမ်၊၃ကြိမ်သောက်တာ ကိစ္စမရှိပါ။ -တခြားအားဆေးတွေလို နှစ်ချီပြီး စွဲမသောက်သင့်တဲ့ဆေးမျိုးဖြစ်ပါတယ် -ဆိုတာအကြံပြုတင်ပြပေးလိုက်ပါတယ်ရှင်။ -#မှော်ဝင်ရတနာ