ဒီနေ့စက်ကလေးမိတ်ဆွေများအတွက် ခြေသလုံးကြွက်တက်ရခြင်းအကြောင်း သိကောင်းစရာလေးများကိုတင်ပေးပါတယ်ရှင်။ / #ကြွက်တက်ခြင်းဆိုတာ လူခန္ဓာကိုယ်မှာ (၁) ထိန်းချုပ်နိုင်သော ကြွက်သား နှင့် (၂) မထိန်းချုပ်နိုင်သော ကြွက်သား ဟူ၍ ကြွက်သား နှစ်မျိုးရှိပါတယ်။ ဥပမာ ခြေ နှင့် လက်တို့ မတင်ခြင်း၊ လှုပ်ရှားခြင်း၊ ကွေးခြင်း၊ ခေါက်ခြင်း စသည်တို ပြုလုပ်ချိန် သုံးနိုင်သည့်ကြွက်သားကို ထိန်းချုပ်နိုင်သောကြွက်သားဟု ခေါ်ဆိုပြီး၊ အကြောဆွဲခြင်း နှင့် ကြွက်တက်ခြင်းတို့ဖြစ်စေနိုင်သော ကြွက်သားကိုတော့ မထိန်း ချုပ်နိုင်သော ကြွက်သားလို့ခေါ်ပါတယ်။ ရုတ်တရက်မထင်မှတ်ဘဲ ကြွက်သားများကျုံ့သွားချိန်မှာ ကြွက်တက်ခြင်း(သို့မဟုတ်) အကြောဆွဲခြင်းတို့ ဖြစ်လာရပါတယ်။ ထိုအကြောဆွဲခြင်းက ကြွက်သားတစ်ခု(သို့မဟုတ်)ကြွက်သားအုပ်စုတစ်စုကို ရုတ်တ တရက် ကျုံ့သွားစေတာမျိုးပါ။ ကြွက်တက်တဲ့အခါ စက္ကန့်အနည်းငယ်(သို့မဟုတ်)မိနစ်အနည်းငယ်မှ ယင်းထက်ပို၍လည်း ကြာနိုင်ပါတယ်။ ကျား၊မ အသက်အရွယ်အပိုင်းအခြားမရွေး ကြွက်တက်နိုင်ပြီး၊ သက်ကြီးရွယ်အိုများ အိပ်နေချိန်မှာ သွေးလည် ပတ်မှုနှေးကွေး သွားတာကြောင့် ကြွက်တက်နိုင်သလို၊ ကိုယ်ဝန်ဆောင်အမျိုးသမီးများ ကိုယ်ဝန်သက်တမ်း ဒုတိယသုံးလပတ် ကာလအတွင်း ကိုယ်အလေးချိန်ပိုလာတာကြောင့် ခြေ နှင့်လက်တို့မှာ ကြွက်တက်လေ့ရှိပါတယ်။ *ကြွက်တက်ရသော အကြောင်းရင်း…* * ရေဓာတ်အနည်းငယ် ဆုံးရှုံးမှုနဲ့ အတူ ဆား (Na) ဓာတ် ဆုံးရှုံးမှုတွေရဲ့အကျိုးဆက်အဖြစ် ခြေသလုံး ကြွက်သားတွေ နာကျင်ပြီး ကြွက်တက်တာကို ခံစားလာရပါတယ်။ ပူပြင်းတဲ့ရာသီမှာ လူအများစုခံစားရလေ့ရှိပြီး ကြွက်သားတွေ အပြင်းအထန်လှုပ်ရှား၍ ပင် ပန်းနွမ်းနယ်နေတဲ့အခါ ရေဓာတ် နဲ့ ဆားဓာတ် ဆုံးရှုံးမှုများလေ ကြွက်တက်တာ ပိုဆိုးလေပါဘဲ။ ဒါ့ပြင် အလွန်ချမ်းအေးတဲ့ ဆောင်းရာသီမှာလည်း သွေးလည်ပတ်မှုနှေးကွေးသွားတာကြောင့် ကြွက်တက်လေ့ရှိပါတယ်။ လှုပ်ရှားမှုမရှိခြင်း၊ လေ့ကျင့်ခန်းမ လုပ်ခြင်း၊ ကိုယ်ဟန်အနေအထား တစ်မျိုးတည်း အချိန်အကြာကြီးရပ်ခြင်း၊ ကုလားထိုင်ပေါ်တွင် အကြာကြီးထိုင်နေခြင်း (သို့မ ဟုတ်) ခြေချင်းချိတ်၍ အချိန်အကြာကြီးထိုင်ပြီးနောက် ရုတ်တရက် မတ်တပ်ထရပ်ခြင်း၊ ငြိမ်သက်စွာ အိပ်စက်ပြီးနောက် ခြေ ထောက်အကြောဆန့်ခြင်း၊ ခပ်ပြင်းပြင်း လေ့ကျင့်ခန်းလုပ်ခြင်း၊ ရေကူးခြင်း စသည့် အကြောင်းအမျိုးမျိုးတို့ကြောင့်ကြွက် တက်နိုင်သလို၊ ခန္ဓာကိုယ်ထဲမှာ ကယ်လ်စီယမ်(သို ့မဟုတ်)ပိုတက်စီယမ်(သို့မဟုတ်)မဂ္ဂနီစီယမ်ဓာတ်ချို့တဲ့ခြင်း၊ ရေဓာတ်ခမ်း ခြောက်ခြင်း၊ အာရုံကြော(သို့မဟုတ်)ကြွက်သားများဒဏ်ရာရခြင်း၊ ကြွက်သားများမှာ သွေးလည်ပတ်မှု အားနည်းခြင်း၊ ကျောက် ကပ်မကောင်းခြင်း စသည့်ရောဂါများကြောင့်လည်း ကြွက်တက်နိုင်ပါတယ်။ ထို့ပြင် အယ်လဇိုင်းမား(ခေါ်)ဇရာ ကြိုရောဂါကု ဆေးဝါး၊ ခြေတုန်လက်တုန်(ခေါ်)ပါကင်န်ဆဲန်ရောဂါကု ဆေးဝါး၊ သွေးတိုးရောဂါ ပျောက်ဆေး၊ ကိုလက်စထရော လျှော့ချဆေး၊ ဆီးဆေး၊ အသည်းဆေးများ၊ ပဋိသန္ဓေတားဆေး၊ steroids စတဲ့ ပဋိဇီဝဆေးများရဲ ့ဘေးထွက်ဆိုးကျိုးများက ကြွက်တက်ခြင်း ကိုဖြစ်စေနိုင်ပါတယ်။ ကြွက်တက်တဲ့အခါ (၁) ကြွက်တက်ရင် လှုပ်ရှားမှုတွေရပ်တန့်ပြီး ကြွက်တက်တဲ့ခြေထောက်ကို အနားယူဖြေလျှော့ပေးပါ။ ဥပမာ မတ်တတ်ရပ်နေစဉ် ကြွက်တက်ပါကဦးစွာထိုင်ချပြီးနောက် ခြေချောင်း နှင့် ဒူးကို အလိုက်သင့်ကွေးထားပေးပါ၊ ပြီးရင် ကြွက်တက်နေတဲ့ ခြေထောက် ၏ ခြေချောင်းလေးများကို လက်ဖြင့်ကိုင်၍ချိုးပေးပါ(ခြေထောက်ဆန့်တန်းထားလေ၊ ကြွက်သား တင်းမာလေဖြစ်တာကြောင့် နာကျင်မှု ပိုလာစေပါမယ်) < နောက်တနည်း > မတ်တတ်ရပ်နေစဉ် ကြွက်တက်ပါက နံရံကိုမျက်နှာမူ၍ မတ်တပ်ရပ်ပါ၊ ပြီးရင် ခြေထောက်ကို ဖြည်းဖြည်းခြင်းဆန် ့တန်း၍ ထိုနံရံ ကို ခြေထောက်ဖြင့် ကန်ထားပါ။ စက္ကန် ့၂၀ လောက် ကန်ထားခြင်းဖြင့် ကြွက် သားတွေ သူ ့အလိုလိုပြန်ကျသွားပါလိမ့်မယ်။ (၂) အကယ်၍ ခြေထောက်ကွေးထားစဉ်မှာ လက်ဝဲဖက်ခြေထောက် ကြွက်တက် နေပြီဆိုပါစို ့။ ဦးစွာ လက်ယာဖက်ခြေထောက်ကို ဆန် ့တန်း၍၊ ပြဿနာဖြစ်နေတဲ့ လက်ဝဲဖက်ခြေထောက်ကို ရင်ခေါင်းထိ ရောက်အောင် ဖိကပ်လိုက်ပါ။ ပြီးရင် ဖနောင့်ကို မြေပြင်ပေါ်ထောက်၍ ခြေချောင်းလေးတွေကိုတော့ မိုးပေါ်ထောင်ထားပေးပါ။ ကြွက်သားတွေပြန် မကျမချင်း ဤနည်းအတိုင်းလုပ်ပေးပါ။ (၃) ကြွက်တက်တဲ့အခါ ဖုထစ်နာကျင်နေတဲ့ ကြွက်သားနေရာကို အသာအယာ ဖျစ်ညှစ်ပြီး ဖြေလျှော့ပေးနိုင်သလို၊ ဓာတ်ဆားရည်နဲ့ အီလက်ထရိုလိုက်ဖျော်ရည်တွေ သောက်သုံးပေးပါ။ (၄) ကြွက်သားပေါ်ကို ရေနွေးအိတ်အပူ ဖိကပ်ပေးပါ (သို ့မဟုတ်) ကြွက်တက်နေတဲ့ ကြွက်သားဖုပေါ်ကို ရေနွေးပုလင်းဖြင့် အောက် ဖက်သို့ ဆွဲချ၍ အသာအယာ လှိမ့်ပေးပါ။ (၅) ဆပ်ပြာရည် လောင်းချပေးပါ။ ဆပ်ပြာရည်ရဲ့တန်ပြန်ဓာတ် သက်ရောက်မှု ကြောင့် ကြွက်သားတွေကို စက္ကန့်အနည်းငယ်အတွင်းမှာပင် ပြေလျော့သွားစေပါတယ်။ * (မှတ်ချက်။ ကြွက်တက်နေချိန် အနှိပ် ခံခြင်းက သက်သာနိုင်တယ်ဆိုပေမယ့်၊ မှားယွင်းသောနည်းဖြင့် နှိပ်နယ်ပါက ကြွက်တက်ခြင်းကို ပိုမိုဆိုးရွားသွားစေနိုင်လို့ သတိပြုပါ)။ ကြွက်တက်ခြင်းအတွက် အိမ်တွင်းကုထုံးလေးများ (၁) အညောင်းမိခြင်းကြောင့် ကြွက်တက်နိုင်ပါတယ်၊ ဒါကြောင့် ခြေဆန့်လက်ဆန့်လုပ်ခြင်း၊ သွေးပူလေ့ကျင့်ခန်းလုပ်ခြင်း၊ အကြောလျော့ခြင်းတို့ဖြင့်ကြွက်တက်ခြင်းကို ကြိုတင်ကာကွယ်ထားနိုင်ပါတယ်။ (၂) ဆိုဒီယမ်(ခေါ်)ဆားအငံဓာတ် လွန်ကဲစွာ စားသုံးခြင်းက လူကို ဘေးဖြစ်စေသော်လည်းအာရုံခံအင်္ဂါအဖွဲ့အစည်းများ နှင့် ကြွက်သားများ ကောင်းစွာအလုပ်လုပ်စေနိုင်ဖို ့ အတွက် သင့်တင့်သော ဆိုဒီယမ်ပမာဏက မရှိမဖြစ်လေးပါ။ ဒါကြောင့် မကြာခဏကြွက်တတ်လေ့ရှိသူများ နှင့် ချွေးထွက်သန် သူများအဖို ့ ဥပမာ အငံဓာတ်ပါရှိသော မုန့်အငံစားပါ(သိုမဟုတ်)သစ်သီးကို ဆားရည်အနည်းငယ်စိမ်၍ စားပါ။ (၃) ကျန်းမာရေးသုတေသီများ၏ အကြံပြုချက်အရ၊ အရွယ်ရောက်ပြီးသူ တစ်ဦးရဲ့တစ်နေ့တာ ပိုတက်စီယမ်ဓာတ် လိုအပ်ချက်ပမာဏမှာ ၄၇၀၀ မီလီဂရမ်ဖြစ်ပြီး၊ ထိုဓာတ်ချို့တဲ့ခြင်းက ကြွက်တက်ခြင်းကို ဖြစ်စေနိုင်တယ်လို့ဆိုပါတယ်။ ဒါကြောင့် ပိုတက်စီယမ်ကြွယ်ဝတဲ့ အစားအစာများဖြစ်ကြသော ဌက်ပျောသီး၊ ဖရဲသီး၊ ရှောက် သံပုရာ သံပရိုသီးများ၊ ထောပတ်သီး၊ အာလူး၊ ကန်စွန်းဥ၊ နွားနို့၊ စွံပလွန်သီး၊ တရုပ်ဇီးသီး၊ စပျစ်သီး၊ စပျစ်ခြောက်၊ ဂေါ်ဖီထုပ်၊ ပန်းဂေါ်ဖီစိမ်း၊ လိမ္မော်သီး၊ ဂရိတ်ဖရုသီး၊ ရေငံငါး အမျိုးမျိုး၊ ဝက်သား၊ သိုးသား တို့စားပေးပါ။ (၄) ကျန်းမာရေးသုတေသီများ၏ အကြံပြုချက်အရ၊ အရွယ်ရောက်ပြီးသူ တစ်ဦး၏တစ်နေ ့တာ ကယ်လ်စီယမ် လိုအပ် ချက်ပမာဏမှာ ၁၀၀၀ မီလီဂရမ်ဖြစ်ပြီး၊ ထိုဓာတ်ချို့တဲ့ပါက ကြွက်သားများ ကျုံ​့သွားစေနိုင်ပါတယ်တဲ့။ နွားနို့၁-ဖန်ခွက်မှ ကယ်လ်စီယမ် ၂၄၄ မီလီလီတာ ရရှိနိုင်မှာဖြစ်သလို၊ ကယ်လ်စီယမ်ဓာတ်ကြွယ်ဝတဲ့ အရိုးပါ၀ါးစားလို ့ရတဲ့ ငါးသေးများ၊ ဒိန်ချဉ်၊ ချိစ်၊ ဗာဒံစေ့၊ သဖန်းသီး၊ ကတွတ်သီး၊ အစိမ်းရင့်ရောင် ဟင်းသီးဟင်းရွက်တို ့ စားပေးပါ။ (၅) အားနည်းခြင်း၊ ကြွက်တက်ခြင်း နှင့် ကြွက်သားများကျုံ ့ခြင်းတို ့ဟာ မဂ္ဂနီစီယမ်ဓာတ်အားနည်းတဲ့ လက္ခဏာများဖြစ်ကြပါတယ်။ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေ မှာ မဂ္ဂနီစီယမ်ဓာတ်လိုအပ်မှု များပြားပါတယ်။ ထိုဓာတ်တွေကြွယ်ဝတဲ့ အစိမ်းရောင်ပဲသီးအမျိုးမျိုး၊ အစေ့အဆံများ၊ ကောက်နှံ များ၊ ဌက်ပျောသီး နှင့် ကညွတ် ဟင်းနုနယ်ရွက် ကိုက်လံတို ့လို အစိမ်းရင့်ရောင် ဟင်းသီးဟင်းရွက်တို့စားပေးပါ။ (၆) ညဘက် ကြွက်တက် လေ့ရှိသူများအဖို့ quinine ဓာတ်ပါရှိသောအားဖြည့်ရေကို သောက်ပါ (သို ့မဟုတ်) quinine ဓာတ်ပါရှိသော Qualaquin ဆေးကိုမှီဝဲပါ။ (၇) အရက်သေစာ သောက်စားခြင်းက ညအိပ်ပျော်နေစဉ်မှာကြွက်တက်ခြင်းနှင့် ဆက်စပ်မှုရှိနေလို့သတိပြုသင့်ပါ တယ်။ (၈) တစ်နေ့တာလုံးရေ သောက်နည်းခြင်းကလည်း ညအိပ်ပျော်နေစဉ်မှာ ကြွက်တက်နိုင်တာကြောင့်၊ နေ့ဘက်မှာရေ များများသောက်ပေးပါ။ (၉) အိပ်ပျော်နေစဉ် ကြွက်တက်လေ့ရှိသူများက၊ ညအိပ်ယာမဝင်ခင် ခြေသလုံးကြွက်သား အကြောများကို ဖြေလျော့နှိပ်နယ်ပေးထားခြင်းဖြင့် ကြွက်မတက်အောင် ကြိုတင်ကွယ်ရာရောက်ပါတယ်။ (၁၀) Primrose oil (ခေါ်)အဝါရောင်ပန်းပွင့်အဆီတွေက သွေးကြောပိတ်ဆို့၍ ကြွက်တက်ခြင်းအတွက် အသုံးဝင်တာကြောင့် ထိုပန်းပွင့်ဖြင့်ဖော်စပ် ထားတဲ့ အဝါရောင်ဆေး အဆီလုံး (Primrose oil) ကို ညအိပ်ယာမဝင်ခင် သောက်ပါ။ #မှော်ဝင်ရတနာ