ကြိုက်တတ်သောအစားအစာများမှ ဘေးထွက်ဆိုးကျိုးများ
အငန်တွေစားရင် သွေးပေါင်ချိန်တက်တယ် ဘာဆေးသောက်ရမလဲ ❓
ချဉ်လွန်း စပ်လွန်းတာတွေ စားရင် ဗိုက်အောင့်တယ် ဘာဆေးသောက်ရမလဲ ❓
ဆိုတာက
👉 အရက်သောက်လိုက်ရင် မူးတယ် ဆရာမရေ မမူးရအောင် ဘာလုပ်ရမလဲ ဆိုသလိုပါပဲ
မမူးချင်ရင် #အရက်မသောက်ပါနဲ့
အရင်က မဖြစ်ဖူးဘူး အခုမှ သွေးပေါင်တက်လာတာ၊ အခုမှ ဗိုက်အောင့်လာတာ အဲ့ဒါကြောင့် မေးရတာ ဆိုပြီး ထပ်ပြောတတ်ကြပါတယ်။
အရင်က မဖြစ်ဘူး အခုမှ ဖြစ်လာတယ် ဆိုထဲက မကောင်းတဲ့ အကျင့်ကို အချိန်ကြာမြင့်စွာ လုပ်ခဲ့တယ် ဆိုတာပါပဲ။
စိတ်အလိုလိုက်ပြီိး လုပ်နေတာကို ခန္ဓာကိုယ်က တတ်နိုင်သလောက် လိုက်ပြီး ပြင်ဆင်ပေးခဲ့ပေမယ့် မတတ်နိုင်တော့တဲ့ အခါ ဝေဒနာတွေ ခံစားလာရတာပါ။
ဝေဒနာ ကနေ ကြာရှည်လာတဲ့အခါ ရောဂါတွေဖြစ်လာပါလိမ့်မယ်။
- သွေးတိုးရောဂါ
- ဆီးချိုရောဂါ စတာတွေဟာ မဖြစ်ခင်ကပဲ ကြိုပြီး ကာကွယ်လို့ရပါတယ်
ဖြစ်ပြီဆိုတာ နဲ့ နောက်ဆက်တွဲဆိုးကျိုးတွေဖြစ်တဲ့
- နှလုံးရောဂါ
- ကျောက်ကပ်ရောဂါ
- လေဖြတ်ရောဂါ တွေဖြစ်မလာရအောင်ပဲ ကုသလို့ ရပါတော့တယ် သွေးတိုး/ဆီးချို ပျောက်အောင် မကုသနိုင်ပါဘူး။
ဆက်ပြီး စိတ်အလိုလိုက်နေရင်တော့ နှလုံးရောဂါ၊ကျောက်ကပ်ရောဂါ၊ လေဖြတ်ရောဂါတွေ ဖြစ်လာတော့တာပေါ့ရှင်။
_________
#အငန်တွေစားရင်_ဘာလို့သွေးပေါင်တက်တာလဲ ❓
အရသာရှိတဲ့ (ငန်တဲ့) အစာတွေထဲမှာ Sodium ဆိုတဲ့ ဓာတ်ဆားဓာတ်ပါဝင်ပါတယ်။ အဲ့ဒီဓာတ်က ရေကိုထိန်းသိမ်းပေးပါတယ် (ရေကြိုက်တယ်ပေါ့)
ရေကြိုက်တော့ Sodium တွေများရင် ခန္ဓာကိုယ်ထဲမှာ ရေတွေအများကြီး ထိန်းထားတဲ့အတွက် (သွေးကြောတွေထဲ လှည့်ပတ်နေတဲ့ သွေးပမာဏ) Volume တိုးလာတဲ့အတွက် သွေးပေါင်တက်ရခြင်း ဖြစ်ပါတယ်။
အငန်တွေစားရင် ခန္ဓာကိုယ်ထဲ ရေပမာဏ များ/မများသိသာစေတာကတော့
ငန်တဲ့အစာတွေစားရင် ရေငတ်ပါတယ်၊ ရေငတ်တော့ ရေတွေအများကြီးသောက်ပါတယ် ဒါပေမယ့် ဆီးသွားတာနည်းပါတယ်။ (အများကြီးဝင်သွားပြီး နည်းနည်းပဲထွက်တယ်ဆိုတာ အထဲမှာ အများကြီးကျန်ခဲ့တာပါ)
👉 သွေးပေါင်ချိန်ကြည့်ပါ တက်နေပါလိမ့်မယ်။
_________
#အိမ်မှာဆားမသုံးဘူး_ကြက်သားမှုန့်ပဲသုံးတာ
အဲ့ဒီကြက်သားမှုန့်ထဲမှာ ဆားပမာဏ မြောက်မြားစွာပါဝင်ပါတယ်။
#အချိုမှုန့် (Mono Sodium Glutamate) 👉 Sodium ပါဝင်ပါတယ်။
မနက်စာ ပဲနံပြားလေးစားတာလေ
ပဲပြုတ်က ဆီနဲ့ဆားနဲ့ အရသာကောင်းကောင်းလေး
နံပြားက မုန့်ဖုတ်ဆိုဒါ ပါတယ် (အဲ့ဒါလည်း Sodium ပဲ)
ပေါင်မုန့် ၊ ဘီစကစ် ကြိုက်တဲ့ အစာပြော အရသာရှိတယ် ဆိုရင် ဆား (Sodium) ပါဝင်ပါတယ်။
ပြောတတ်ကြတယ် မလား ထမင်းပွဲထဲ ဘာမှမပါလည်းရတယ် ငါးပိရည်နဲ့ တို့စရာအစုံဆိုရင် ရပြီ ဆိုတာ
ငါးပိရည် ၊ ငါးပိကောင် အကုန် Salty foods တွေပါပဲ။
အပြင်ထွက်စားတယ် Hot pot, မာလာရှမ်းကော
အကင်စားတယ် Bacon မှ Bacon 😁 (Bacon ဆိုတာ အသားကိုဆားနယ်ထားတာလေ)
_________
အန်တီကြီးတွေ ပြောနေကြပေါ့
"ဘာမှ မစားပါဘူး ဆရာမရယ် သွေးပေါင်တွေက တက်နေရော" 😁
အရသာရှိတာ စားမိရင် ဆား (Sodium) ကပါတာပါပဲ
အန်တီကြီးတွေက ကျန်းမာရေးကို ဦးလေးကြီးတွေထက် ဂရုစိုက်ကြတော့ သွေးပေါင်တက်ရင် သိကြပါတယ်။
#ဆေးကုသဖြစ်ကြတယ်ပေါ့ ဆေးရုံ/ဆေးခန်း သွားကြည့်လိုက် ပြင်ပလူနာဌာနမှာဆို အန်တီကြီးတွေချည်းပဲ (အမျိုးသမီးတွေက ရောဂါအဖြစ်များတာလားဆိုတော့)
ဆေးရုံပေါ်တက်ကြည့်လိုက် အရေးပေါ်နဲ့ အထူးကြပ်မတ်ခန်းမှာ ဆို ဦးလေးကြီးတွေပဲလေ
အမျိုးသားတွေက သူတို့ရဲ့ ကျန်းမာရေးကို နောက်ဆုံးထားတတ်ကြပါတယ်။ ရစ်ရွှေရည်လေးကလည်း ကစ်တတ်တော့ ရောဂါအခံတွေ မကုပဲ ရစ်ရွှေရည်လေး မီးခိုးခေါင်းတိုင်လေး နဲ့ နေကြတာ
ဖြစ်ပြီဆိုရင်
- နှလုံးသွေးကြောပိတ်
- လေဖြတ်
- ကျောက်ကပ်ပျက် မှသိတတ်ကြပါတယ်။
တစ်သက်လုံးမာမာချာချာ ကြီး ဖြစ်တော့ ခေါက်ခနဲပဲ ဆိုတာ
အဲ့ဒါကြောင့် #သွေးတိုးရောဂါ ကို #Silent_Killer လို့ခေါ်တာပေါ့
_________
ပြောရင်းပြောရင်းနဲ့ အဓိကပြောချင်တာ လွတ်သွားပါတော့မယ်
✳️ သွေးတိုးရောဂါဖြစ်စေတဲ့ အဓိက အကြောင်းရင်းတွေထဲက တစ်ခုကတော့ Salt Intake (ဆား စားသုံးတာပါ)
👉 အငန် စားလို့ သွေးပေါင်တက်တယ် ဆိုတာ #သွေးတိုးရောဂါဖြစ်လာပါတော့မယ်
👉 အငန်စားလို့ သွေးပေါင်တက်ရတာက Salt and water retention (ရေ နဲ့ ဆား - Sodium) တွေ ခန္ဓာကိုယ်ထဲ စုပုံလာလို့ပါ
🚨 အငန် အစားများရင် သွေးပေါင်တက်ပြီး သွေးတိုးရောဂါ ရပါတယ်
🚨 သွေးတိုးရောဂါ က ကျောက်ကပ်ပျက်စေ သလို
🚨 အငန် (ဆား - sodium) ကိုယ်တိုင်ကလည်း ကျောက်ကပ်ထဲက သွေးကြောလေးတွေကို ပျက်စီးစေလို့ အချိန်ကြာလာတာနဲ့အမျှ ကျောက်ကပ်ပျက်စေပါတယ်။
🚨 အငန်ဆိုတာ ဆားတွေ ခပ်လိုက်မှ ၊ငံပြာရည် လောင်းထည့်လိုက်မှ ပါတာမဟုတ်ပါဘူး
👉 Ready made foods မှန်သမျှ
👉 အရသာတိုးစေပါတယ်ဆိုတဲ့ ဟင်းခပ်မှုန့် မှန်သမျှ
👉 အပြင်က ဝယ်စားတဲ့ အစာမှန်သမျှမှာ ဆားပမာဏ လွန်ကဲစွာပါဝင်နေပါတယ်။
အဲ့ဒါကြောင့်
✳️ ဆား အငန် လျှော့စားပါ၊ လျှော့သုံးပါ
✳️ ကျန်းမာရေးစာတွေ မှာ အချိုမှုန့် (MonoSodium Glutamate) ရဲ့ အန္တရာယ်တော့ ဖတ်ရပါများတော့ ကြောက်ကြ/ရှောင်တတ်ကြပေမယ့်
✳️ အပြင်စာတွေ ၊ ဆီသွပ်ဗူးတွေ၊ ဝက်အူချောင်းတွေ၊ Bacon ရှင်းရှင်းပြောရရင် ဘီစကစ်မှာတောင် (ဆား - sodium) ပါ ဝင်ပါတယ်။
✳️ ကြက်သားမှုန့်ပဲ သုံးတာ အန္တရာယ်မရှိဘူး လို့ပြောတာ ကြားဖူးကြမှာပေါ့ အသားကိုအမှုန့်လုပ်ထားတာက #ဘယ်လိုလုပ်_ငန်နေမှာလဲနော်
မသုံးလို့ မစားလို့မှ မဖြစ်တာ #အလွန်အကျွံမစားကြဖို့ နဲ့အငန်တွေ စားပြီး သွေးတိုးရင် ဘာလုပ်ရမလဲ ဆိုတော့
#အငန်တွေမစားကြဖို့ပါပဲ
သွေးကျဆေးဆိုတာ သွေးတက်ရင်သောက် ပြီးရင်ဖြတ်လိုက် လုပ်လို့ရတဲ့ဆေးမဟုတ်ပါဘူး။
သွေးကျဆေးဆိုတာ အခုသောက် အခုသွေးကျတာ မဟုတ်ပါဘူး။
သတိထားကြဖို့ပါ။
သွေးတိုးရောဂါ ဆောင်ရန်/ရှောင်ရန်တွေ သိလိုလျှင် ဆက်ပါဦးမည်။
#မှော်ဝင်ရတနာ
0 Comments
Post a Comment