ရာသီတုပ်ကွေးအတွက်
🚫ရန်ကုန်တွင် ရာသီတုပ်ကွေး H1N1 သံသယ လူနာတစ်ဦး သေဆုံး 🚫
တုပ်ကွေးသတိပေးနှိုးဆော်ချက်
ရာသီတုပ်ကွေး (Seasonal influenza) ရောဂါသည် အသက်ရှူ လမ်းကြောင်းမှ တဆင့် ကူးစက်တတ်သော ရောဂါဖြစ်ပါသည်။ ရောဂါပိုးရှိသောသူမှ နှာချေ၊ ချောင်းဆိုးရာမှ လေထဲသို့ ပျံ့နှံ့ ကာ၊ တခြားသူသို့ လျင်မြန်စွာ ကူးစက်တတ်ပါသည်။ တခါတရံ ရောဂါပိုး တင်ကျန်နိုင်သော အရာဝတ္ထု များကို ကိုင်တွယ်ပြီး ရှူရှိုက်မိရာမှ တဆင့်လဲ ကူးစက်ပျံ့နှံ့ နိုင်ပါသည်။ တခြားသူသို့ ကူးစက်နိုင်သည့် အချိန်ကာလမှာ ရောဂါလက္ခဏာ မခံစားမီ ၁-၂ ရက်မှ ရောဂါလက္ခဏာ ပြပြီး ၄-၅ ရက်အတွင်း ဖြစ်ပါသည်။ ရောဂါဝင်ရောက်ချိန်မှ ရောဂါလက္ခဏာ ပြမည့်အချိန်သည် (Incubation period) ၁ ရက်မှ ၅ ရက်အတွင်း ဖြစ်ပါသညိ။ ရာသီတုပ်ကွေးလက္ခဏာများမှာ ဖျားခြင်း၊ ချမ်းတုန်ခြင်း၊ လည်ချောင်းနာခြင်း၊ ကိုယ်လက်ကိုက်ခဲခြင်း၊ ချောင်းခြောက်ဆိုးခြင်း၊ နှာရည်ယိုခြင်း နှင့်ခေါင်းကိုက်ခြင်းတို့ ဖြစ်ပါသည်။ ရာသီတုပ်ကွေးသည် အသက်၆၅နှစ်အထက်၊ နာတာရှည်ရောဂါ ခံစားနေရသူများ၊ အသက် ၆ လမှ ၂ နစ်အရွယ် ကလေးများ၊ ကိုယ်ဝန်ဆောင်မိခင်များတွင် ဖြစ်ပွားပါက ပိုမို ဆိုးရွားပြီး နောက်ဆက်တွဲ ဆိုးကျိုး များ ပိုမို ဖြစ်ပွားနိုင်ပါသည်။ ရာသီတုပ်ကွေးကို မဖြစ်ပွားစေရန် အကောင်းဆုံး ကာကွယ်ရန်မှာ ကာကွယ်ဆေး ကြိုထိုးထားခြင်း ဖြစ်ပါသည်။
တုပ်ကွေးရောဂါ ဖြစ်စေသော ဗိုင်းရပ်စ်ကို သာမန်အားဖြင့် Type A နှင့် Type. B ဟူ၍ နှစ်မျိုးခွဲခြား နိုင်ပါသည်။ TypeB influenza virus သည် လူတွင်သာ ဖြစ်လေ့ဖြစ်ထရှိပြီး ရောဂါလက္ခဏာ အားဖြင့်လဲ ဆိုးရွားထိခိုက်မှူ အနည်းဆုံး ဖြစ်ပါသည်။ Type A influenza virus သည် လူသာမက အခြားမျိးစိတ်များလဲ (ငှက်များအပါအဝင်) ထိခိုက်နိုင်ပါသည်။
Influenza A subtypes တွင် ပါဝင်သော glycoprotein ဖြစ်သည့် Hamagglutinin (HA) နှင့် Nuraminidase (NA) ပေါ်မူတညိ၍ အမျိုးအစားကွဲပြား ခြားနားပါသည်။ Haemagglutinin 16 မျိုးနှင့် Nuraminidase 9 မျိး ရှိပါသည်။
၁၉၁၈ ခုနှစ်တွင် ဖြစ်ပွားခဲ့သော Spanish flu သည် H1N1 ကြောင့် ဖြစ်ပြီး လူပေါင်း သန်း ၄၀ ခန့် သေဆုံးခဲ့ပါသည်။ ၁၉၅၇-၁၉၅၈ ခုနှစ်တွင် ဖြစ်ပွားသော Asian flu သည် H2N2 ကြောင့် ဖြစ်ပြီး လူပေါင်း ၁ သန်းမှ ၂ သန်းခန့် သေဆုံး ခဲ့ပါသည်။ ၁၉၆၈-၁၉၆၉ ခုနှစ်တွင် ဖြစိပွားသော Hongkong flu သည် H3 N1 ကြောင့် ဖြစ်ပြီး လူပေါင်း ၇ သိန်းကျော် သေဆုံးခဲ့ရပါသညိ။ ၂၀၀၉-၂၀၁၀ တွင်မူ Mexico flu သည် H1N1 pandemic flu ကို ဖြစ်စေ ပါသညိ။ရာသီတုပ်ကွေးသည် ပုံမှန်အားဖြင့် ရောဂါလက္ခဏာ မဆိုးရွားသော်လည်း ကပ်ရောဂါအသွင် ဖြစ်ပွားနိုင်ခြင်းမှာ ကူးစက်ပျံ့ပွားရာတွင် ဗိုင်းရပ်စ် ပိုးအတွင်း ပြောင်းလဲမှူ တစုံတရာ ဖြစ်ပွားခြင်း (Antigenic drift နှင့် Antigenic shift) တို့ကြောငိ့ ဖြစ်ပွားလျက်ရှိပါသည်။
Antigenic drift ဆိုသည်မှာ influenza virus ပွားများ (replication) နေစဉ်အတွင်း point mutation ဖြစ်ကာ ပါဝင်သည့် glycoprotein (HA/NA) များ သာမန်ပြောင်းလဲမှု အနည်းငယ် ဖြစ်ပွားရာမှ လူတို့၏ ကိုယ်ခံအားစနစ် ဖြင့် တွန်းလှန်ရာတွင်၎င်း၊ ကာကွယ်ဆေးထိုးထားသော်လည်း ကာကွယ်ဆေးဖြင့် ကာကွယ်နိုင်မှု လျော့ကျခြင်း များ ဖြစ်ပွားလာနိုင်ပါသည်။ Antigenic drift ကြောင့် influenza virus ၏ subtypes အမျိုးအစား ပြောင်းလဲမှု မရှိပါ။ နှစ်စဉ် ရာသီတုပ်ကွေးဖြစ်ပွားမှုများ ပိုမိုလာနိုင်သော်လည်း နောက်ဆက်တွဲ ထိခိုက်သေဆုံးနိုင်ခြေ နည်းပါးပါသည်။
Antigenic shift ဆိုသည်မှာ ရာသီတုပ်ကွေးရောဂါပိုး နှစ်မျိုး တပြိုင်နက်တည်း ကူးစက်ရာမှ ၎င်း၊ တိရစ္ဆာန်များ ဖြစ်သည့် ငှက်များ၊ ဝက်များ စသည်တို့တွင် ဖြစ်ပွားနေသည့် influenza virus သည် လူသို့ ကူးစက်ရာမှ နဂို လူတွင် ဖြစ်ပွားနေသည့် တခြား influenza virus တို့ ပေါင်းစည်းမိရာမှ မျိုးရိုးဗီဇ ပြောင်းလဲ ဖြစ်တည်မှု (Genetic reassortment) ဖြစ်ကာ HA/NA များ ပြောင်းလဲမှု ကြီးမားစွာ ဖြစ်ပေါ်ခြင်းကို ခေါ်ပါသညိ။ အဆိုပါ ပြောင်းလဲမှုကြောင့် အသစ် ဖြစ်ပေါ် လာသော influenza virus သည်လူပေါင်းများစွာ ကိုယ်ခံအားစနစ် မှ တွန်းလှန်နိုင်ခြင်း အလျင်းမရှိဘဲ ရောဂါ ကူးစက်ပျံ့နှံ့နိုင်ခြေ ပိုမို များပြားလာစေသောကြောင့် လူပေါင်းများစွာကို ရောဂါ ကူးစက်စေနိုင်ပါသညိ။
ရာသီတုပ်ကွေးရောဂါ ကာကွယ်ရန်
=======================
၁။နှာချေတိုင်း၊ ချောင်းဆိုးတိုင်း နှာခေါင်းနှင့် ပါးစပ်ကို လက်ကိုင်ပဝါ၊ တစ်သျူးးဖြင့် အုပ်ကာ ချောင်းဆိုးသင့်ပါတယ်။
၂။ ရောဂါပိုးများ လက်တွင် ကပိငြိနေနိုင်သဖြင့် ချောင်းဆိုး၊ နှာချေပြီးချိန် နှင့် ရောဂါရှိသူကို ကိုင်တွယ်ပြီးချိန်တွင် လက်ကို ဆပ်ပြာနှင် သေချာဆေးကြောသင့်ပါသည်။
၃။ တုပ်ကွေးရောဂါ ဖြစ်ပွားနေသူနှင့် နီးကပ်စွာ နေထိုင်မှုမှ ရှောင်ကြဉ်ခြင်း၊ လူနေထူထပ်ရာ နေရာများသို့ သွားလာခြင်းမှ ရှောင်ကျဉ်သင့်ပါတယ်။
၄။ ရောဂါလက္ခဏာ ပေါ်ပေါက်လာပါက ကောင်းမွန်စွာ အိပ်စက်အနားယူခြင်း၊အရည်များများသောက်ခြင်း၊ ကိုယ်အပူချိန် မြင့်မားနေပါက ရေပတ်တိုက်ခြင်းကို ဆောင်ရွက်သင့်ပါတယ်။
💥ယခုနှစ်2019 ရာသီတုပ်ကွေးအတွက် ဘန်ကောက်အမျိုးသမီး ကျန်းမာရေးစင်တာတွင် ကာကွယ်ဆေးရောက်ရှိနေပါပြီ…
📞အသေးစိတ်ကို 09-7777 00814 နှင့် 09-7777 00815 သို့ဆက်သွယ်၍ လာရောက်ထိုးနိင်ပါပြီရှင်...
🏥အမှတ်(၄၆)၊ ရွှေတောင်ကြားလမ်း၊ (၂)ရပ်ကွက်၊ ဗဟန်းမြို့နယ်။
credit ရန်ကုန်တိုင်းဒေသကြီး ကျန်းမာရေးဦးစီးဌာန
0 Comments
Post a Comment