#လည်ချောင်းမှာတစ်စို့စို့_နဲ့_နင်နင်နေသလိုပဲ #မော_သလိုလို_ကြပ်သလိုလို #ရင်တွေလည်းပူ_လေချဉ်တွေလည်းတတက်တယ် #ရင်ဘက်တွေလည်း_အောင့်တယ် ဆိုတဲ့စက်ကလေးမိတ်ဆွေများအတွက် စိတ်ဖိစီးမှုများနေကြတော့ စိတ်ဖိစီးမှု များခြင်းရဲ့ နောက်ဆက်တွဲ ဒါမှမဟုတ် တွဲပြီိး ဖြစ်တတ်တဲ့ 👉 GERD - Gastroesophageal Reflux Diseaseအကြောင်းပြောပြချင်ပါတယ်ရှင်။ Gastro => ဆိုတာ Gastric အစာအိမ် Esophageal => ဆိုတာ Esophagus အစာရေမျိုပါ။ အစာအိမ်ရဲ့ ပုံပန်းသဏ္ဌာန်နဲ့ အလုပ်လုပ်ပုံကို အရင်ဆုံးရှင်းပြပါမယ်။ ကျွန်မတို့ အစာစား ရင် ဝါးပြီး မျိုချလိုက်တာနဲ့ လည်ချောင်းထဲကနေ အစာရေမျို (Esophagus) ကတဆင့် အစာအိမ်ထဲရောက်သွားပါတယ်။ အစာရေမျို (Esophagus) ရဲ့ အဆုံး အစာအိမ်နဲ့ ဆက်ထားတဲ့ နေရာမှာ ***Sphincter လို့ခေါ်တဲ့ ရှုံ့ကြိုးလို နေရာရှိပါတယ်။ အစာမျိုချလိုက်ရင် အဲ့ဒီနေရာကို ဖြတ်ပြီး အစာအိမ်ထဲရောက်ပါတယ်။ Sphincter ရဲ့တာဝန်က အစာအိမ်ထဲ ကအစာတွေ ၊ အစာခြေရည်တွေ အပေါ်ပြန်မတတ်သွားအောင် တားဆီးရတဲ့ အလုပ်လုပ်ပါတယ်။ Sphincter ကြောင့် ကျွန်မတို့ ကင်းမြီးကောက်ထောင်နေလည်း အစာအိမ်ထဲက အစာတွေက ပါးစပ်ထဲ ပြန်ထွက်မလာပါဘူး။ Sphincter ရှုံ့ကြိုး ကလည်း သိပ်မလုံဘူး မလုံတဲ့ အပြင် အစာခြေရည် Acid တွေလိုတာထက်ပိုထွက်မယ်။ - အစာကြေမလွယ်ဘူး - လေပွစာတွေ၊ အပူအစပ်၊အချဉ်တွေ စားလွန်းရင် - ​Alcohol၊ Coffee၊ Tea၊ Gas ပါတဲ့အချိုရည်တွေသောက်လွန်းရင် - အစာစားပြီးတာလဲ တရေးအိပ်တတ်တဲ့သူတွေ - Sphincter ရှုံ့ကြိုးကို လျော့ရွဲ စေတဲ့ဆေး သောက်နေတဲ့သူတွေ - 'ဝ' လွန်းရင် ( ဝ တဲ့ လူတွေက အစာအများကြီးစားဖြစ်တယ်၊ ဗိုက်အဆီထုကြီးက လည်းအစာအိမ်ကို အပေါ်က ဖိထားတယ်၊ သူတို့က စားပြီး တရေးအိပ်တတ်တယ်လေ) ဒီလိုတွေ ဆိုရင်တော့ အစာခြေရည်တွေက အစာအိမ်ထဲကနေ အစာရေမျိုထဲ ပြန်တတ်လာတဲ့ အတွက် 1. ရင်ပူပါတယ် (Heart burn) လေချဉ်တွေတတ်ပါတယ်။ 2. Belching ပိုဆိုးတဲ့အခြေအနေမှာ အစာတွေပါတတ်လာတတ်ပါတယ်။ 3. Acid Regurgitation အစာခြေရည်တွေခဏခဏ ပြန်ပြန်တတ်လာတော့ အစာရေမျိုကို လောင်တဲ့ အတွက် နာပါတယ်။ အစာရေမျိုက ရင်ဘက်ထဲမှာရှိတော့ ရင်ဘက်အောင့်ပါတယ်။ 4. Chest pain အစာရေမျိုမှာ အနာဖြစ်သွားတဲ့ အတွက် အစာမျိုချချ၊ ရေမျိုချချ အရိုးစူးနေသလို နင်တင်တင် နဲ့ နာနေတတ်ပါတယ်။ 5. Odynophagia ပက်လက်လှဲပြီး အိပ်တဲ့အချိန် Sphincter ရှုံ့ကြိုးက မလုံတော့ အစာခြေရည်တွေက အပေါ်ပြန်တတ်လာပြီး အသက်ရှူလမ်းကြောင်း ထဲဝင်သွားတတ်ပါတယ်။ Acid တွေ လေပြွန်ထဲရောက်တော့ ဓာတ်မတည့်တာဖြစ်ပြီး လေပြွန်ရောင်ပါတယ်၊ လေပြွန်ရောင်တော့ ချောင်းဆိုးပါတယ်၊ လေပြွန်တွေကျဉ်းပြီး (တရွှီရွှီမြည်ပြီး) ရင်ကြပ်ပါတယ်၊ အသက်ရှူကြပ်ပါတယ်။ မောလာပါတယ်။ စိတ်ဖိစီးမှုများတဲ့ နောက်ဆက်တွဲဖြစ်တဲ့ GERD ရဲ့ လက္ခဏာတွေက တော့ တကယ်ဖြစ်တာပါ။ စိတ်ကြောင့် မဟုတ်တော့ပါဘူး။ ဒါပေမယ့် လူနာက ရှေ့မှာ စိတ်ဖိစီးမှု လက္ခဏာတွေရှိထားတဲ့ လူနာ (Anxiety Neurosis) ဖြစ်တော့ သူ့မြင်တာနဲ့ စိတ်ကြောင့်ပဲ လို့ တစ်ထစ်ချ တွေးလေ့ရှိပါတယ် ။ မောတာ၊ ကြပ်တာ၊ ရင်ဘက်အောင့်တာပဲ ဆိုတော့ 1. အစာခြေရည်ထွက်တာ နည်းစေတဲ့ဆေး (Proton pump inhibitor) 2. ရင်ပူတာသက်သာအောင် (Antacid) 3. ဗိုက်နာတယ်ပြောတော့ (Anticholenergic drug => Buscopen***) 4. ချောင်းဆိုးတယ်၊ ရွှီရွှီမြည်ပြီး အသက်ရှူကြပ်တော့ ရင်ကြပ်ပျောက်ဆေး Ventolin/Deriphylline***) 5. မောတာ၊ အသက်ရှူကြပ်တာ ကျတော့ အရင်လိုပဲ စိတ်ကြောင့်ဖြစ်တာပါဆိုပြီး ရှင်းပြလိုက်မှာပေါ့နော်။ ပြဿနာက အခုဖြစ်တာက အရင်လို စိတ်ကြောင့်ချည်းပဲ မဟုတ်တော့ဘူး။ တကယ်ဖြစ်တာတွေရှိလာတော့ အရင်ဆေးတွေနဲ့ မသက်သာတော့ဘူးလေ။ အရင်ကဆို ဆေးသောက်ရင် သက်သာသွားပြီး အခုက မသက်သာတော့ နဂိုအခံ စိတ်ပူတတ်တာနဲ့ရောပြီး စိတ်တွေပူ - Stress များတော့ အစာခြေရည်ကပိုထွက် အဲ့ဒါတွေ အပြင် ရိုးရိုးအစာအိမ်ရောင်တာမှာပေးတဲ့ Buscopen ဆိုတဲ့ဆေးက Sphincter ကိုပို ကျယ်လာစေတယ်၊ နောက်ထပ်ရင်ကြပ်တယ်ဆိုပြီးပေးတဲ့ ***Ventolin/Deriphylline ကလည်း Sphincter ကိုပို ကျယ်လာစေတယ်။ - အဲ့တော့ ရင်ပူတာ၊ လေချဉ်တတ်တာ၊ အစာတွေပြန်တာ၊ ရင်ဘက်အောင့်တာ ၊ကြပ်တာ၊ ချောင်းဆိုးတာတွေက မသက်သာပဲပိုပို ဆိုး ဆိုးလာတယ် ။ ဆရာဝန်အစုံ အထူးကုများအပါအဝင် ပြပါတယ်၊ အခုလို Anxiety နဲ့ GERD တွဲဖြစ်တဲ့ လူနာများဟာ ရောဂါခံစားရတာကြာတော့ ရောဂါလက္ခဏာတွေရော၊ သောက်တဲ့ဆေးတွေရော ပြခဲ့တဲ့ ဆရာဝန်တွေအကြောင်းရော ဖွဲ့ဖွဲ့ နွဲ့နွဲ့ပြောနိုင်ကြတော့ သူတို့ရဲ့ ရောဂါ ရာဇဝင်ကြားတာ နဲ့ ဒီတစ်ယောက်ကတော့ - စိတ်ဖိစီးမှုကြောင့်ဖြစ်တာပဲ စိတ်မပူနဲ့ ဆေးပေးမယ်၊ သက်သာသွားမယ် (ဆိုပေမယ့်)မသက်သာဘူးပဲ ဖြစ်ဖြစ်နေတော့စိတ်ရောဂါက တော်တော်ဆိုးနေပြီ ဆိုပြီးစိတ်ငြိမ်ဆေးတွေပါ သောက်ရပါလိမ့်မယ်။ စိတ်ငြိမ်ဆေးတွေကြောင့် အိပ်မပျော်တာ ၊ ဖိစီးမှုများတာ သက်သာပေမယ့် GERD ရဲ့ ရင်ဘက်အောင့်၊ မောကြပ်၊ လည်ချောင်းနာ၊ တစ်ဆို့ဆို့ဖြစ်၊ ရင်ပူတာတွေက မသက်သာပါဘူး အဲ့လိုနဲ့ ပဲ နောက်ဆရာပြောင်းပြန်ရော ဆရာဝန်တစ်ယောက်က Anxiety ကို ကုရင်း နဲ့မှ မသက်သာရင် GERD ပါတွဲနေလားဆိုပြီး စဉ်းစားတတ်ပါတယ်။ ဒါပေမယ့် လူနာကတော့ ဒီဆရာလည်း မစွံပါဘူးဆိုပြီး နောက်ဆရာတစ်ယောက်ပြောင်းပြီးပြနေပါပြီ။ နောက်တစ်ယောက်ကိုလည်း စိတ်ရှည်လက်ရှည်မပြပဲ တစ်ရက်နှစ်ရက် အလွန်ဆုံးတစ်ပတ်စောင့်ကြည့်လို့မှ မသက်သာရင် ဆရာထပ်ပြောင်းပါလိမ့်မယ်။ အဲ့ပုံစံ နဲ့ပဲ စိတ်ဆေးအစုံ၊ အစာအိမ်ဆေးအစုံ၊ ရင်ကြပ်ဆေးအစုံ သောက်ဖူးပြီး နှစ်ပတ်လည်အောင် ဝေဒနာ ခံစားနေရပါလိမ့်မယ်။ တချို့ဆိုရင် အစာအိမ်မှန်ပြောင်းတောင်ကြည့်ဖြစ်ကြပါလိမ့်မယ်။ ဆိုတော့ကာ CXR ၊ ECG၊ ECHO ၊ အစာအိမ်မှန်ပြောင်းကြည့်ပြီးလည်း Mild gastritis အစာအိမ်နည်းနည်းရောင်တယ် ဆိုတာက လွဲရင် ဘာမှ မထွက်ပါဘူး Anxiety + GERD တွဲနေပါတယ် #ကျေးဇူးပြုပြီး သေသေချာချာ ဖတ်ပေးကြပါ ၊အရေးကြီးလို့ပါရှင်။ GERD က ပထမအချက် - ရိုးရိုးအစာအိမ်နာတာလို ခဏနဲ့မပျောက်ပါဘူး ဆေး ကို လ နဲ့ချီပြီး သောက်ရပါတယ်။ - ဒုတိယအချက် - သောက်ရတဲ့ဆေးက အရင်သောက်နေရတဲ့ (Antacid) ဆေး ပဲ ဖြစ်နေတော့ အထင်မကြီးပါဘူး ပျောက်မယ် မထင်ကြပါဘူး။ - တတိယအချက် - အရင်ဆေးတွေသောက်ရပေမယ့် တချို့ပေးနေကျဆေးတွေဖြတ်လိုက်ဖို့လိုပါတယ် Buscopen ၊Ventolin(ဘာလို့ဖြတ်ဖို့လိုလဲ သိပါပြီနော်) ဆေးလျှော့လိုက်တော့လည်း သက်သာမယ် မထင်ကြပါဘူး။ အဲ့ဒီအချက်တွေကြောင့် ကျွန်မတို့တွေက လူနာတွေကို Anxiety နဲ့ GERD တွဲနေပါတယ် ဆိုပြီး သိရင်တောင် လူနာက ဆေး ကို ယုံယုံကြည်ကြည် ရေရှည်မသောက်တဲ့ အတွက် ကုသမှု မအောင်မြင်ရတာပါ။ #သက်သာအောင် ဘယ်လိုလုပ်မလဲဆိုတော့ ??? ရောဂါအကြောင်း နည်းနည်းသိပြီထင်ပါတယ်။ ၁။ ရင်ပူတာ၊ ရင်ဘက်အောင့်တာ အစရှိတဲ့ ဘာဖြစ်ဖြစ် Sphincter မလုံလို့ Acid တွေ ပြန်တတ်လို့ ဖြစ်မှန်း သိပြီဆိုတော့ 👉 Antacidအရည် ထမင်းစားပြီးတိုင်းသောက်ပေးပါ။ (တစ်နေ့ {၃} ကြိမ်) 👉 ရောဂါက ဖြစ်တာကြာပြီ မို့ ဆေးက တစ်လပြည့်အောင်သောက်ရပါမယ်။ 👉 Omeprazole က သောက်နေကျဆိုရင် ညအိပ်ယာဝင်ခါနီးတိုင်း သောက်ပါ (တစ်ကြိမ်ပါပဲ) ၂။ ချောင်းဆိုးတာ ၊ ရင်ကြပ်တာ ၊ ရွှီရွှီမြည်တာတွေက လည်း Sphincter မလုံလို့ Acid တွေ ပြန်တတ်လို့ ဖြစ်တာ အပြင်၊ ရင်ကြပ်ပျောက်ဆေးတွေက Sphincter ကို ပိုဆိုးစေတော့ 👉 ရင်ကြပ်ပျောက်ဆေး Ventolin/Deriphylline ရပ်ရပါမယ်။ ၃။ အပူ၊ အစပ်၊ အချဉ်၊ ဆေးလိပ်၊ အရက်စတာတွေက ပိုဆိုးစေတော့ အဲ့ဒါတွေပါ ရှောင်ရပါမယ်။ ၄။ အစာကို တဝ စားတာထက် နည်းနည်းနဲ့ ခဏခဏ စားတဲ့အကျင့်လုပ်ပါ။ ၅။ Nocturnal Asthma လို့ခေါ်တဲ့ ညဘက်ရင်ကြပ်တာက အပေါ်မှာ ရှင်းပြခဲ့ သလို အစာခြေရည်တွေ လေပြွန်ထဲ ဝင်လို့ဖြစ်တာဆိုတော့ အစာစားပြီး (၃) နာရီ ကျော်မှ အိပ်ပါ။ ၆။ အစာခြေရည်တွေ ပြန်မတတ်လာအောင် ခေါင်းအုံးမြင့်မြင့်/ခေါင်းရင်းနည်းနည်းမြှင့်ပြီး အိပ်ပါ။ အဲ့ဒါဆိုရင် ပျောက်ကင်း သက်သာသွားကြပါမယ်။ သေသေချာချာဖတ်ပြီး ကြားထဲမှာ မသက်သာဘူးအော် မနေပဲ သေသေချာချာ လိုက်နာပေးဖို့တော့ လိုပါတယ်။ #မှော်ဝင်ရတနာ