ဘဝနေနည်း အဘိဓမ္မာ(၄)
ဘဝနေနည်း အဘိဓမ္မာ(၄)ာ
!
🐢🐢🐢🐢🐢🐢🐢🐢🐢🐢
!
မြို့တစ်မြို့လုံး မိုးစက်များနဲ့ စိုထိုင်းထိုင်းဖြစ်နေသည်။
တောင်ခိုးတွေဝေပြီး မြူတိုက်များဖြင့် လွှမ်းခြုံထားသော
တောင်ပေါ်မြို့လေးသည် ပကတိအားဖြင့်ပင် ရိုးသားစွာ လှပါသည်။
တီ...တီ..
ဘေးနားလေးမှာ ကပ်ပြီးမှ အရှိန်လျှော့မောင်းလိုက်တဲ့ ဆိုင်ကယ်သံကြောင့် ကြည့်လိုက်မိတယ်။ ချစ်သူသက်ထားဖြစ်နေ
သည်ကို....
"မောင် ဘယ်သွားမို့လဲ" ဟင် ဆိုသော အမေးနဲ့အတူ ကြင်နာစွာ ခွန်းချိုသော သူ့အသံမှာ တဒင်္ဂအားဖြင့် ကြည်နူးသာယာသွားပါသည်။
" မောင် အဘိဓမ္မာ သင်တန်းသွားမလို့လေ မိုး ဒီနေ့သင်တန်း
မသွားဘူးလား"
" အွန်းးးး ဒီနေ့ မိုး နည်းနည်းအေးနေတာ နေမကောင်းချင်သလို ဖြစ်နေလို့ မသွားဘဲနေတာလေ အခုတောင် အာပူလျှာပူ စားရရင် ကောင်းမလားလို့ ထွက်လာတာ၊ လာလေ အတူတူ
သွားစားရအောင် "
နာရီကိုကြည့်တော့ သင်တန်းချိန် မိနစ် ၂၀ လောက်လိုသေးတာ
မို့ မိုးနဲ့အတူ အာပူလျှာပူဆိုင် လိုက်လာခဲ့ပါသည်။
ပုံမှန်အားဖြင့် မိုးသည် အနားယူချိန်နည်းပါးသည်ထိ အလုပ်လုပ်နေတတ်သူဖြစ်ပါသည်။ ခုလို ကွန်ပြူတာသင်တန်း နားရ
သည်ထိဆိုလျင် မိုး တော်တော် နေမကောင်းဖြစ်နေသလားဟု
စိုးထိတ်မိစွာ မေးမိသည်။
"မိုးကလည်းစွေနေတော့ သွားချင်စိတ်မပါလို့ပါ" ဟုသာ
ပေါ့ပေါ့ပါးပါး ဖြေပါသည်။
အာပူလျှာပူ တစ်ယောက် တစ်ပွဲ မှာစားကြသည်။
အပူအစက်တို့၏ ရိုက်ချက်ဖြင့် မိုးမျက်နှလေး ချွေးစို့နေသည်
မှာ ချစ်စဖွယ်လေးဟုပင် မြင်နေမိတော့သည်။
မဖြူလွန်း မညိုလွန်းသော မိုးမျက်နှာလေးတွင် ပြည့်ဖောင်းဖောင်း အိအိလေးရှိသော ပါးမို့အစုံလေးတွေကို အသည်းယား
စွာငေးကြည့်ဖြစ်သည်။
စို့နေသော ချွေးစလေးများကို ကြင်နာစွာ တို့ပြီး တစ်ရှူးနုလေး
ဖြင့် ဖယ်ရှားပေးလိုက်ချင်သည်။ လူကြားထဲမို့ မတော်..။
" မိုး ဒီမှာ နေဦးမလား မောင် သင်တန်းသွားတော့မယ်လေ"
" အင်း ရတယ်လေ သွားပါ ၊ မောင် တောထွက်ဖို့ကော ရည်ရွယ်ထားသလား ဟင်, တစ်ခါ တစ်လေ အာပူလျှာပူဆိုင်
အေးဆေး ထိုင်ဖို့ တစ်ယောက်လောက်ရှာထားဦးမှပါ"
" ဟာ... မိုးကလည်းကွာ "
" အလကား စတာနော် မောင်, သွားပါ နောက်ကျနေမယ်
ချစ်လို့ စတာ ဟုတ်ပြီလား "
ချစ်လို့စတာဆိုသော်ငြား မိုးရယ်...
ရင်ထဲမှာ ဆတ်ခနဲတော့ နာမိ၏။
နောက်တစ်ယောက်ရှာထားဦးမှဟု ပြောဆိုသောကြောင့်
ရင်ထဲတွင် နာမိသည်ဟုမထင်ပါ။
မိမိကို တောထွက်ဖို့ရည်ရွယ်ထားသလားဟူသော
အလှောင်စကား အငေါ့စကားအတွက် ခံရခက်ခက်တော့
ဖြစ်မိသည်။
မိုးနဲ့ အတူတူ ဆုံပြီး အခုလို ဆိုင်ထိုင်ခွင့်ရဖို့ဆိုတာ
ရခဲလှတဲ့ အခွင့်ရေးမှန်း သိပါသည်။ ထိုအခွင့်ရေးကို
မက်မောစွာဖြင့် အကြိမ်ကြိမ် အခါခါ တောင့်တမိပါသည်။
ယနေ့ တိုက်ဆိုင်စွာဖြင့် အခွင့်ရေး ရသော်လည်း
သင်တန်းချိန် အရမ်းနီးကပ်နေပြီမို့ နှစ်ကိုယ်တူယှဉ်တွဲ၍
ကြည်နူးသာယာရမည့် အခွင့်ရေးကို စွန့်လွှတ်ခဲ့ရသည်။
ပထမဆုံးအကြိမ် ချစ်သူကို ကျောခိုင်းခဲ့မိခြင်းပင်...
သင်တန်းထဲမှာ ဆရာရောက်နေပြီ။
ထုံစံအတိုင်း လူမစုံသေးသည်မို့ ဆရာသည် ဖုန်းနဲ့ မျက်နှာ
ကြည်နူးစွာကပ်၍ facebook ထဲသို့ စီးမျောနေ၏။
" မင်္ဂလာပါ ဆရာ" ဟု နှုတ်ဆက်သောအခါ..
" ဟုတ် ညီလေး လာလာ , လူတော့မစုံသေးဘူး , အခါးရည်သောက်လေ " ဟုဆိုကာ ရေနွေးဓာတ်ဘူးနှင့် ဖန်ခွက်များကို
ကမ်းပေးလေ၏။
ထို့နောက် လူစုံ၍ အတန်းစသည်ထိ ဆရာသည် စကားအပို
မပြောတော့ဘဲ သူ့ဖုန်းကိုသာ သူမြတ်နိုးစွာ ကြည့်နေတော့၏။
သြော်... ဆရာဆိုသည်မှာလည်း facebook ကြိုက်သည်ကိုး.....။
#ဓမ္မအလင်းရောင်(ပင်လုံမြေ)
0 Comments
Post a Comment