နှလုံးအလုပ်မလုပ်ခြင်းအကြောင်း သိကောင်းစရာများ
®နှလုံးအလုပ်မလုပ်ခြင်းအကြောင်း သိကောင်းစရာများ
®နှလုံးအလုပ်မလုပ်ခြင်းဆိုသည်မှာ နှလုံး၏ လုပ်ငန်း
ဆောင်တာများ ပုံမှန်အလုပ်မလုပ်တော့ခြင်းနှင့် နှလုံးခုန်
မမှန်ခြင်းကို ဆိုလိုခြင်းဖြစ်ပါသည်။
®နှလုံးသည် အခြေအနေအမျိုးမျိုးကြောင့် ရပ်သွားသောအခါ ဦးနှောက်ဆီသို့သွေးရောက်အောင် ညှစ်ပို့နိုင်ခြင်းမပြုနိုင်
သည့်အတွက် သတိမေ့သွားရခြင်းဖြစ်ပါသည်။ ထို့ကြောင့်
ချက်ချင်းဆိုသလို ထိုအခြေအနေကို ကုသနိုင်မှ
အသက်ဘေးမှလွတ်မြောက်မည်ဖြစ်ပါသည်။
®နှလုံးအလုပ်မလုပ်ခြင်းကို ဖြစ်စေသောအကြောင်းများ
®နှလုံးအလုပ်မလုပ်ခြင်းကို ဖြစ်စေသော အဓိက အကြောင်း
ရင်းနှစ်ခုရှိပြီး ထိုအကြောင်းနှစ်ခုလုံးကလည်း ဆက်စပ်နေပါသည်။ နှလုံးသည် လေးခန်းရှိပါသည်။ အပေါ်သွေးလက်ခံခန်း ၂ ခန်းနှင့် အောက်ဖက်ရှိ သွေးလွှတ်ခန်း ၂ ခန်းဖြစ်ပါသည်။ နှလုံးညှစ်ရာတွင် ပြသနာဖြစ်ခြင်း မညှစ်နိုင်ခြင်းတို့့ဖြစ်သည့်အခါ နှလုံးခုန်ရပ်သွားတတ်ပါသည်။
®အပေါ်သွေးလက်ခံခန်း ၂ ခန်းကြောင့်ဖြစ်လျှင် အပေါ်
ဘက်မှတစ်ဆင့် လျှပ်စီးများကို မမှန်မကန် ထုတ်လွှတ်
သောကြောင့် သွေးလွှတ်ခန်းများကလည်း သွေးကို ကောင်းစွာမညှစ်ထုတ်နိုင်ခြင်း ဖြစ်လာရပါသည်။ ထိုသို့မဟုတ်ဘဲ အောက်ဖက်ရှိ သွေးလွှတ်ခန်း ၂ ခန်းတွင် ပြသနာဖြစ်လျှင် ကိုယ်အနှံ့သို့ သွေးမရောက်တော့သည့်အတွက် သွေးပေါင် ရုတ်တရက် ကျဆင်းခြင်းဖြစ်နိုင်ပါသည်။
®အများစုသော နှလုံးအလုပ်မလုပ်ခြင်း အကြောင်းများသည် အောက်ဖက်ရှိ သွေးလွှတ်ခန်း ၂ ခန်းတွင် ပြသနာဖြစ်ခြင်း
ကြောင့် ဖြစ်ပါသည်။
®ဘယ်သူတွေမှာ နှလုံးအလုပ်မလုပ်ခြင်း ဖြစ်နိုင်သလဲ။
နှလုံးနှင့် ဆက်စပ်နေသော ရောဂါရှိသူအများစုသည် နှလုံးအလုပ်မလုပ်ခြင်း ဖြစ်နိုင်ချေရှိပါသည်။ ယင်းတို့မှာ.
®နှလုံးနှင့် သွေးကြောဆိုင်ရာရောဂါများ
-----------------------------------------
®ယင်းတို့သည် နှလုံးသွေးကြောများ ပိတ်ဆို့သောရောဂါ
ဖြစ်ပါသည်။
®၁။နှလုံးကြီးခြင်း
®နှလုံးသည် ပုံမှန်ထက်ပိုကြီးလေလေ နှလုံးခုန်စည်းချက်
မမှန်လေလေဖြစ်ပါသည်။
®၂။နှလုံးအဆို့ရှင်များ မူမမှန်ခြင်း
®နှလုံးအဆို့ရှင်များ မူမမှန်ခြင်းကြောင့် နှလုံးခန်းများတွင်
သွေးမလုံလောက်ခြင်း သို့မဟုတ် သွေးအိုင်ခြင်းများဖြစ်
နိုင်ပါသည်။
®၃။မွေးရာပါ နှလုံး ပြသနာများ
နှလုံးရောဂါများဖြင့် မွေးလာသော ကလေးများသည် ငယ်
စဉ်အချိန်တွင်ပင် နှလုံးရပ်သွားနိုင်ပါသည်။
®နှလုံးလျှပ်စီးထုတ်လွှတ်မှု ပြသနာများ
---------------------------------------
နှလုံးလျှပ်စီးထုတ်လွှတ်မှုမှန်ကန်မှသာလျှင် နှလုံးခုန်နှုန်းများမှန်ခြင်းနှင့် သွေးစီးဆင်းမှုကောင်းခြင်းတို့ကို ဖြစ်စေမည်ဖြစ်ပါသည်။ ထို့ကြောင့် နှလုံးလျှပ်စီးထုတ်လွှတ်မှု ပြသနာများ
ဖြစ်ခြင်းနှင့် နှလုံး၏ ကနဦးစည်းချက်များမူမမှန်သူများသည် နှလုံးရပ်နိုင်ချေ ပိုများပါသည်။
®ထို့ပြင် ဆေးလိပ်သောက်သူများ၊ မိသားစု၀င်များတွင် (သို့မဟုတ်) မိမိကိုယ်တိုင် နှလုံးရောဂါ ဖြစ်ဖူးခြင်း၊ အ၀
လွန်ခြင်း ၊ သွေးတိုးခြင်း၊ လှုပ်ရှားမှုနည်းခြင်းတို့ကြောင့်
လည်း နှလုံးလုပ်ဆောင်ရည် ကျဆင်းစေနိုင်ပါသည်။
®နှလုံးရောဂါကို ထိန်းချုပ်မရသော အကြောင်းများမှာ မိသားစုရာဇ၀င်၊ လူမျိုး၊ အသက် နှင့် လိင် စသည်တို့ဖြစ်ပါသည်။
®သို့သော် စားသောက်နေထိုိင်မှုများ ပြောင်းလဲခြင်း၊ အခြားတွဲနေသော ရောဂါများကို ကုသခြင်းနှင့် စိတ်ကျန်းမာအောင်နေထိုင်ခြင်း စသည့်နည်းများဖြင့် ရောဂါကို ထိန်းချုပ်နိုင်ပါသည်။
®နှလုံးအလုပ်မလုပ်ခြင်း ရောဂါလက္ခဏာများ
-----------------------------------------------
®နှလုံးရပ်ခြင်းသည် အချိန်တိုအတွင်းဖြစ်သွားနိုင်သည့်
အတွက် လက္ခဏာများကို သိထားရန် လိုအပ်သလို ထိုသို့ခံစားရလျှင် ဘာဆက်လုပ်မလဲသိရန်လည်း အလွန်အရေးကြီးပါသည်။ ®နှလုံးအလုပ်မလုပ်ခြင်း၏ လက္ခဏာများမှာ ရုတ်တရက် အသက်မရှုနိုင်တော့ခြင်း၊ မူးဝြေခင်း၊ အားနည်းခြင်း၊ ပျို့အန်ခြင်း၊ အခြားမည်သည့် လေ့ကျင့်ခန်းများ၊ အလုပ်များ မလုပ်ပါဘဲ နှလုံးခုန်စည်းချက်များ သိသိသာသာပြောင်းလဲလာခြင်း တို့ဖြစ်ပါသည်။
®ထို့နောက် လူနာသည် ရင်ဘတ်အောင့်လာခြင်း၊ အသက်ရှုကျပ်လာခြင်း၊ သွေးခုန်နှုန်းများကို စမ်းမရတော့ခြင်းနှင့်
နောက်ဆုံး သတိလစ်ခြင်းအထိပါ ဖြစ်သွားနိုင်ပါသည်။
®ထိုသို့ဖြစ်လာပါက အရေးကြီးဆုံးအနေဖြင့် အရေးပေါ်ကားကို ခေါ်ပါ။ ရှေးဦး အသက်ကယ်နည်းများဖြင့် ကယ်တင်ခြင်းဖြင့် နှလုံးသေခြင်းကို ကာကွယ်နိုင်ပါသည်။
®နှလုံးအလုပ်မလုပ်ခြင်း၏ နောက်ဆက်တွဲများ
------------------------------------------
®ယခင်က တစ်ကြိမ် နှလုံးရပ်ဖူးသောသူများတွင် အဖြစ်အများဆုံး အရေးကြီးဆုံး သတိထားရမည်မှာ နောက်တစ်ကြိမ် နှလုံးရပ်သွားခြင်းပင်ဖြစ်ပါသည်။
® နှလုံးရပ်ခြင်းကြောင့် နှလုံးသေခြင်း၊ ဦးနှောက်သေခြင်းနှင့် ကိုယ်တွင်းအင်္ဂါများအလုပ်မလုပ်တော့ခြင်းစသည့်နောက်ဆက်တွဲဆိုးကျိုးများဖြစ်နိုင်ပါသည်။
®နှလုံးရပ်သွားသူသည် သေလုမျောပါး အခြေအနေဖြင့် ဆေးရုံသို့ရောက်ရှိလာမည်ဖြစ်ပါသည်။ ထိုအခါ ဆရာ၀န်များက နှလုံးခုန်စက်ကို သုံးပြီး နှလုံးတွင် ပုံမှန်သွေးလည်ပတ်မှုများကို ရရှိအောင် ဆောင်ရွက်ပေးပါလိမ့်မည်။ ထိုသို့ အရေးပေါ်အသက်ကယ်ပြီးနောက် နှလုံးကို အသံလှိုင်း ဓာတ်မှန်ရိုက်ခြင်းဖြင့် နှလုံးခုန်စည်းချက်မမှန်မှုများ၊ နှလုံးရပ်ခြင်းကို ဖြစ်စေသောအကြောင်းများရှာဖွေခြင်း၊ နှလုံးကို ရောင်ခြည်
ဓာတ်မှန်ရိုက်ခြင်းဖြင့် နှလုံးရောဂါများကို ရှာဖွေခြင်းများပြုလုပ်ပါမည်။
®ကုသနည်း
------------
®အရေးပေါ် ကုသမှုများအနေဖြင့် နှလုံးနှင့် အဆုတ်သွေး
လည်ပတ်စေရန် အသက်ကယ်ခြင်းနှင့် နှလုံးခုန်စက်ဖြင့် နှိုး
းခြင်းတို့ပါ၀င်ပါသည်။
®နှလုံးနှင့် အဆုတ်သွေးလည်ပတ်စေရန် အသက်ကယ်ခြင်းနည်းလမ်းသည် ကိုယ်ထဲတွင် လိုအပ်သော အောက်ဆီဂျင်ကို ရစေပြီး ဦးနှောက်သို့ သွေးစီးစေပါသည်။ ®နှလုံးခုန်စက်ဖြင့် နှိုးခြင်းဖြင့် နှလုံးခုန်နှုန်းများကို ပုံမှန်ပြန်ဖြစ်စေပါသည်။
®ထို့နောက် ဆေးများပေးခြင်း၊ နောက်ဆက်တွဲများ မဖြစ်စေရန် ခွဲစိတ်မှုများ ပြုလုပ်ခြင်းတို့ လိုအပ်ပါသည်။ ထို့ပြင် လေ့ကျင့်ခန်းများပြုလုပ်ခြင်း၊ ကျန်းမာရေးနှင့် ညီညွတ်စွာ စားသောက်ခြင်းတို့က သွေးထဲတွင် အဆီပမာဏကို ကျဆင်းစေပြီး နှလုံးရပ်ခြင်းမျိုး ထပ်မဖြစ်စေအောင် ကူညီပေးပါသည်။ ®လူနာတစ်ယောက် နှလုံးရပ်သွားလျှင် ထိုသို့ဖြစ်ရသော အကြောင်းရင်းကို ကုသခြင်းက အထိရောက်ဆုံးသော ကုသမှုဖြစ်ပါသည်။ထို့ကြောင့် ပထမဦးဆုံးအနေဖြင့်
ဘာကြောင့် နှလုံးအလုပ်မလုပ်ရသလဲ သိရှိရန်လိုအပ်ပါပြီ
ဖြစ်ရသော underlaying case ကိုပျောက်ကင်းအောင်
ကုသရန်လိုအပ်ပါတယ်ရှင်။
CRD_မှော်ဝင်ရတနာ
0 Comments
Post a Comment