သွေးအမျိုးစားတွေကို ရှာဖွေတွေ့ရှိသူ
®လူသားတွေရဲ့ A, B, AB, O စတဲ့
သွေးအမျိုးအစား တွေကို
ဘယ်သူရှာဖွေတွေ့ရှိခဲ့တာလဲဆိုတာစက်ကလေးမိတ်ဆွေများကိုတင်ပြပေးပါမယ်ရှင်
သွေးအမျိုးအစား တခုနဲ့ အခြားတခု မတူနိုင်ဘူး၊ အမျိုးအစား မတူနိုင်တဲ့ သွေးတွေရှိတယ်ဆိုတာကို ကြားဖူးကြမည်။ နီရဲသော အရောင် ရှိနေခြင်း တူနေပမယ့် မတူနိုင်တဲ့ သွေးအမျိုးအစား တွေရှိကြသည်။
လူတွင် သွေးအမျိုးအစား ၄ မျိုးရှိသည်။ တချို့ သွေးအမျိုးအစားသည် အချင်းချင်း ရောစပ်လို့ရသော်လည်း၊ အချင်းချင်း ရောစပ်လို့မရသော သွေးအမျိုးအစားလည်း ရှိသည်။
၁၈၉၇ ခုနှစ် အော်စတြီးယား နိုင်ငံ ဗွီရင်နာမြို့ University of Vienna hospital တွင် Karl Landsteiner သည် လူနာတွေ သေဆုံးရတဲ့ အကြောင်းရင်းကို ဆေးသုတေသန ပြုလုပ်ခဲ့သည်။ ဧပြီလ ရက်စွဲ ၁ခုမှာ Landsteiner သည် ခွဲစိတ်မှု လုပ်နေတုန်း သေဆုံးခဲ့တဲ့ လူနာ ၄ ယောက်ကို စစ်ဆေး ခဲ့သည်။ ထိုလူတွေ သေဆုံးရတဲ့ အကြောင်းရင်းက တူညီသည်။ (blood agglutination) သွေးအလှူရှင် နှင့် သွေးသွင်းလက်ခံသူ လူနာတို့၏ သွေးအမျိုးအစား လိုက်ဖက်မညီသောကြာင့် ဖြစ်သည်။ လူနာ တယောက်ချင်းစီသည် သွေးသွင်းလက်ခံရရှိခဲ့ပြီးနောက် သူ့ကိုယ်အတွင်းရှိ သွေးနီဥနှင့် သွေးသွင်း လက်ခံရရှိသော သွေးနီဥတို့ ပေါင်းစပ်သော အချိန်တွင် သေဆုံးခဲ့ကြသည်ကို တွေ့ရှိခဲ့သည်။ဤဖြစ်ရပ်မျိုးကို မကြာခဏ တွေ့ရှိခဲ့သော်လည်း လူနာအားလုံးတွင် မဖြစ်ပဲ တချို့ လူနာများတွင်သာ ဖြစ်သည်ကိုလည်း အံ့အားသင့်ဖွယ် တွေ့ရှိခဲ့သည်။
နောက်နေ့ နံနက်တွင် Landsteiner သည် လူနာ အယောက် ၂၀ ၏ သွေးနမူနာ စုဆောင်းခဲ့ပြီး မည်သည့် သွေးနမူနာသည် အန္တရာယ်ကင်းစွာ အချင်းချင်း ရောစပ်နိုင်သည်ကို သိရှိဖို့ လေ့လာ စမ်းသပ် ခဲ့သည်။ လူနာ တယောက်ချင်း၏ သွေးစက်တွေကို စမ်းသပ်ဖန်ပြွန်တွင် အခြားသော လူနာ၏ သွေးစက်တွေဖြင့် ရောစပ် ခဲ့သည်။ သွေးနီဥတွေ အချင်းချင်း ရောစပ်နိုင်၊ မရောစပ်နိုင် စသည့်အခြေအနေကို အနုကြည့် မှန်ပြောင်းဖြင့် လေ့လာစမ်းသပ်ခဲ့သည်။
လေ့လာစမ်းသပ်မှု မပြုလုပ်မီ သွေးအုပ်စု ၂ခုခွဲခဲ့သည်။ အမျိုးအစားတူသော သွေးသည် အချင်းအချင်း ရောစပ်ပြီး ထို အမျိုးအစား မတူသော သွေးအုပ်စု ၂စုကို သွေးအုပ်စု A နှင့် B ဆိုပြီး နာမည် ပေးခဲ့သည်။ ဆက်လက် စမ်းသပ်စစ်ဆေးရာ သွေးအုပ်စု A (သို့) B နှင့် ရောစပ်မှု မရှိသော အခြားသွေးအုပ်စု တစ်မျိုးကို ထပ်မံတွေ့ရှိခဲ့ပြီး ထိုအုပ်စုကို သွေးအုပ်စု O ဆိုပြီး နာမည်ပေးခဲ့သည်။ သွေးအုပ်စု A နှင့် B နှစ်မျိုးစလုံးနှင့် ရောစပ်နိုင်သော အခြားသွေးအုပ်စု တစ်မျိုးကို ဆက်လက် တွေ့ရှိခဲ့သည်။
ထို သွေးအုပ်စုကို A B သွေးအုပ်စုလို့ နာမည်ပေးခဲ့သည်။ လူ၏ သွေးသည် အမျိုးအစား ၄မျိုးရှိသည်။ ထို ၄မျိုးမှာ သွေး A ၊ B ၊ A B နှင့် O တို့ဖြစ်သည်။
A သွေး ပိုင်ရှင်သည် A သွေး (သို့) O သွေး လက်ခံသည်။
B သွေး ပိုင်ရှင်သည် B သွေး (သို့) O သွေး လက်ခံသည်။
A B သွေး ပိုင်ရှင်သည် AB သွေး (သို့) A သွေး (သို့) B သွေး (သို့) O သွေး လက်ခံသည်။
သွေးအမျိုးအစား အားလုံးကို လက်ခံသောကြောင့်
AB သွေးကို Universal Receivers လို့ခေါ်သည်။
O သွေး ပိုင်ရှင်သည် O သွေး တမျိုးကိုသာ လက်ခံသည်။
သွေးအမျိုးအစား အားလုံးသည် O သွေးကို လက်ခံသောကြောင့် O သွေးကို Universal Donors လို့ခေါ်သည်။
Landsteiner ၏ ရိုးရှင်းသော သွေးအမျိုးအစား ခွဲခြားမှုကြောင့် သွေးလှူဒါန်းသူ နှင့် သွေးသွင်းလက်ခံသူ လူနာတို့၏ သွေးအမျိုးအစားကို ဆုံးဖြတ်ပြီး သွေးသွင်း ကုသမှုကို အသက် အန္တရာယ် မရှိပဲ ပြုလုပ်လာနိုင်သည်။ Landsteiner သည် ပိုလီယို ရောဂါ polio virus ကို ၁၉၀၉ ခုနှစ်တွင် ရှာဖွေတွေ့ရှိခဲ့သည်။ ၁၉၃၀ တွင် သူသည် နိုဘယ်ဆု Nobel Prize in Physiology or Medicine ရရှိခဲ့သည်။ ဆေးပညာနယ်ပယ်တွင် သွေးသွင်းကုသမှု ဆေးပညာ ဖခင်ကြီးဟု လူသိများသည်။
Crd_မှော်ဝင်ရတနာ
0 Comments
Post a Comment