အပိုင်း ( ၁ ) ဒီနေ့စက်ကလေးမိတ်ဆွေတွေကို ့"အစာအိမ် ရောဂါအတွက်သိသင်.သိထိုက်သည်များ"ကို
အမေး အဖြေ သဘောမျိုးနှင့်တင်ပေးပါမယ်ရှင် အစာအိမ် ရောဂါ လူဦးရေ ရဲ့ သုံးပုံ တစ်ပုံမှာ အစာ မကြေခြင်း ဖြစ်ကြပြီး အဲဒီထဲက တစ် ဝက်ကျော်ဟာ မိမိကိုယ်တိုင် အစာအိမ် ဆေးများ ဝယ်သောက်ကြပြီး တတ်ကျွမ်း နားလည် တဲ့ဆရာဝန်တွေနဲ့ မပြကြပါဘူး။ အနောက် တိုင်းဆေးသောက်ကြသလို တိုင်းရင်းဆေးကိုသောက်ကြတဲ့သူတွေလည်း ရှိပါတယ်။ ဘာဆေးပဲသောက်သောက် ကိုယ်သောက်တဲ့ဆေးဟာ ဆိုးကျိုးသိပ်မရှိ ဖို့တော့လိုပါတယ်။ အစာအိမ် လေနာရောဂါတော့ပျောက်ပါရဲ့ နှစ်အနည်းငယ်ကြာ တဲ့အခါမှာ ကျောက်ကပ်ထိတာတို့ ဘာတို့ဖြစ်မယ်ဆိုရင် ဘယ်ကောင်းပါ့လိမ့် မလဲ။ တတ်ကျွမ်းနားလည်တဲ့ဆရာဝန်ရဲ့ မှန်ကန်တဲ့ရွေးချယ် တိုက်ကျွေး တဲ့ဆေးကို သောက်မယ် ဆိုရင် ဘေးထွက် ဆိုးကျိုး နောက်ဆက် တွဲဆိုးကျိုးတွေနည်း နိုင်ပါလိမ့် မယ်။ ဘာဆေးတွေဘယ်လိုအာနိသင်တွေ နဲ့အစာအိမ်ရောဂါကိုပျောက်ကင်းစေသလဲ ဆိုတာကိုသိထားသင့်ပါတယ်။ မေး-ဗိုက်အောင့်ရောဂါ အစာအိမ် ရောဂါဖြစ်တဲ့အခါ တစ်ဦးနဲ့တစ်ဦးသောက် ရတဲ့ဆေးပုံစံတွေမတူတာဘာကြောင့်ပါလဲ။ ဖြေ-ဗိုက်အောင့်တာဟာ အစာအိမ် မှာအနာဖြစ်တယ်ဆိုရင် အစာအိမ်က ထွက်တဲ့အက်ဆစ် (ဟိုက်ဒရိုကလိုရစ် အက်ဆစ်) ဓာတ်ကိုခြေဖျက်တဲ့ဆေးပေး ခြင်း၊ အက်ဆစ်ဓာတ်ထွက်ရှိမှုနည်းစေတဲ့ ဆေးပေးခြင်း၊ အစာအိမ်နံရံရဲ့စွမ်းရည် တွန်းလှန်နိုင်မှုကို မြှင့်တင်သောဆေးပေး ခြင်း၊ အကိုက်အခဲပျောက်ဆေး (စတီး ရွိုက်) မဟုတ်သောအရောင်ကျဆေး ပေး ခြင်းနဲ့ အစာအိမ်ပိုး (HELICOACTER PHLORI) ကို ကင်းစေတဲ့ ဆေးပေး ခြင်းစတဲ့ ဆေးပေးတဲ့ပုံစံတွေအမျိုးမျိုးရှိပါ တယ်။ အစာအိမ်မှအစာချေရည်နဲ့အက် ဆစ်တွေဟာ အထက်ကိုပြန်ဆန်တက်ပြီး အစာရေမျိုထဲရောက်တာပဲဖြစ်ဖြစ် အော့ အန်တာပဲဖြစ်ဖြစ်ဆိုရင်တော့ မအန်တဲ့ ဆေးပေးတဲ့နေရာမှာတစ်ဦးနဲ့တစ်ဦးမတူ ကြပါဘူး။ အစာအိမ်ဆေးကလည်းဈေး ကွက်ထဲမှာအတော်များများရှိပါတယ်။ အာနိသင်တူပြီး ကုမ္ပဏီတွေကွဲတဲ့အတွက် မူမူ၊ ဆာမိ၊ ဘာဘူ၊ မုတ်ဆိတ်၊မောင်မောင် ဆိုပြီး ဘယ်လိုပဲခေါ်ခေါ် အတူတူပါပဲ။ ဒါကြောင့်အမယ်တွေပိုပြီးစုံတော့တာပါပဲ။ မေး-ဘာကြောင့်အစာအိမ်အနာဖြစ် ရတာလဲ။ ဖြေ-အက်ဆစ်နဲ့အစာချေရည်ထွက် ရှိတာကို ပြန်ခုခံကာကွယ်မဲ့အစာအိမ်နံရံ နဲ့တန်ပြန်တွန်းလှန်မှု မညီမျှတဲ့အခါ အစာအိမ်ရောဂါဆိုတာဖြစ်ရတာပါပဲ။ #ဆက်ရန်_အပိုင်း ( 2 )သို့ #မေတ္တာဖြင့်_မှော်ဝင်ရတနာ