မပြည့်သေးသူများအတွက် ပါရမီဆိုတာ အယူသာရှိပြီး ပြန်မပေးတတ်တဲ့သဘော လို့ စိတ်မှာ ထင်မြင်မိတယ်။
ဒီလိုဆိုတော့လဲ ဖြည့်ဆည်းရပေဦးမပေါ့။
ရေကြည်ရာ မြက်နုရာဆိုတာ ကိုယ့်အတွက်တော့ မရှိစဖူးတဲ့အရာတွေပါ။
ဘဝရေစီးကြောင်းမှာ အတ္တ ပရ ညီမျှအောင် ရုန်းကန်ရင်းနဲ့ အဘိဓမ္မာ
ကမ်းခြေမှာ ယာယီအပန်းဖြေဖြစ်တယ်။
သိပ္ပံပညာသည် ဘဝကိုနေပျော်အောင် လုပ်ပေး၏။
အဘိဓမ္မာပညာသည် ဘဝဟူသော ဝဋ်ဆင်းရဲမှ လွတ်မြောက်အောင်
လုပ်ပေး၏ တဲ့။ (ဓမ္မစေတီ ဦးကောသလ္လ)
ဘဝဝဋ်ဆင်းရဲများမှ လွတ်မြောက်ရန် အလို့ငှာ ဒေသနာနဲ့အညီကျင့်သုံး
နေထိုင်ပါတယ်။
ရံခါတော့လည်း ဒေသနာနဲ့အညီပဲ အတွယ်တာတွေထားမိပြန်တယ်။
ပုထုဇဥ်ပေကိုး...
အတွယ်တာဆိုတာ နှောင်ကြိုးတစ်မျိုးပါလို့ စိုင်းထီးဆိုင်က
ခပ်ပါးပါးလေး သတိပေးထားတာ နားထောင်ဖူးတယ်။
သံယောဇဥ်ဆိုတာကတော့ ဥပါဒါန်ကို တိုးစေတယ်။
သံယောဇဥ်လက်စကို ဆွဲမထုတ်မိရင်တော့လည်း ရစ်ပတ်ခြင်းမှ
သက်သာရာ ရစေမှာ အမှန်။
ဆွဲထုတ်မိတဲ့ သံယောဇဥ်အစတွေကတော့ ရစ်ပတ်နွယ်ပွားလို့
ရှည်လျားစေတော့တယ်။
ဒီတော့လည်း သံသရာ တိုးတိုးဖော်တွေလို့ ခပ်တည်တည် ပြန်ဖာထေး။
သာသာလေးငြိမ်ပြီး ခေါင်းကိုငုံ့။
ပြုံးနေတတ်ဖို့တော့ သူသင်ပေးပါတယ်။
သြော်....လောကဓံ ။
ဓမ္မအလင်းရောင်(ပင်လုံမြေ)
0 Comments
Post a Comment